မာတိကာဆီ ကျော်သွား

ညီအစ်ကို အလက်ဆန်ဒါ ကာလက်စထွာတို့ဗ်

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်
ရုရှား

“ယေဟောဝါဘုရား ကျွန်တော်နဲ့ ရှိနေသရွေ့ ကိုယ့်အိမ်လိုပဲ အမြဲနွေးထွေးလုံခြုံနေမှာပါ”

“ယေဟောဝါဘုရား ကျွန်တော်နဲ့ ရှိနေသရွေ့ ကိုယ့်အိမ်လိုပဲ အမြဲနွေးထွေးလုံခြုံနေမှာပါ”

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှာ အယ်လ်တိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဂေါ်နာ အော်လ်တိတ်မြို့ တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ကာလက်စထွာတို့ဗ်ကို အပြစ်ရှိကြောင်း စီရင်ခဲ့ပြီး ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲ ချမှတ်ခဲ့တယ်။ လောလောဆယ် ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ဒုက္ခရောက်နေချိန်မှာ သစ္စာရှိကျေးကျွန်တွေရဲ့ အော်ဟစ်အကူအညီတောင်းသံကို ယေဟောဝါ ကြားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—၂ ရှမွေလ ၂၂:၇

အချိန်ပြဇယား

  1. ၂၀၀၀

    စစ်မှုထမ်းဖို့ ငြင်းဆန်လို့ အဖမ်းခံရတယ်။ ၂၁ ရက် အချုပ်ချခံရတယ်။ နောက်ပိုင်း ပြန်လွတ်လာတယ်။

  2. ၂၀၁၀

    အစွန်းရောက်မှုနဲ့ တရားစွဲခံရတယ်။ အမှုကို နှစ်ခါပြန် စစ်ဆေးပြီး နောက်ဆုံး အယ်လ်တိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးချုပ်ကို ရောက်သွားတယ်။ တရားရုံးချုပ်မှာ စွဲချက်အားလုံးကနေ ကင်းလွတ်ခွင့်ရခဲ့တယ်။

  3. ဒီဇင်ဘာ ၁၆၊ ၂၀၂၁

    ပြစ်မှုနဲ့ တရားစွဲတယ်။

  4. ဇန်နဝါရီ ၁၆၊ ၂၀၂၂

    အယ်လ်တိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ယေဟောဝါသက်သေ ၅ အိမ်ထောင်ကို အရာရှိတွေ ဝင်ရောက်ရှာဖွေကြတယ်။ အလက်ဆန်ဒါရဲ့ အိမ်ကို FSB အရာရှိတွေ စီးနင်းဝင်ရောက်ပြီး သူ့ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းလိုက်တယ်။ အဲဒီနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးပြီးနောက် ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။

  5. ဩဂုတ် ၂၅၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။