မာတိကာဆီ ကျော်သွား

ညီအစ်ကို အီဒါ အူရာဘာတင်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်
ရုရှား

“ယေဟောဝါရဲ့နာမတော် ခံယူခွင့်ရလို့ ဂုဏ်ယူတယ်”

“ယေဟောဝါရဲ့နာမတော် ခံယူခွင့်ရလို့ ဂုဏ်ယူတယ်”

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာ ကရက်နားရာ့စ် ဒေသ၊ ကီရယ်ရွမ်စကီ ခရိုင်တရားရုံးက ညီအစ်ကို အီဒါ အူရာဘာတင်ကို အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့တယ်။ ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံရတယ်။ လောလောဆယ်တော့ ထောင်ထဲဝင်စရာ မလိုပါ။

အချိန်ပြဇယား

  1. ဇူလိုင် ၂၀၊ ၂၀၂၁

    အီဒါတို့မိသားစုအပါအဝင် ကိုဒင်မြို့က ယေဟောဝါသက်သေ အနည်းဆုံး ငါးအိမ်ထောင် ဝင်ရောက်ရှာဖွေခံရတယ်။ ယာယီအချုပ်ထောင်မှာ အီဒါ အချုပ်ကျတယ်။

  2. ဇူလိုင် ၂၁၊ ၂၀၂၁

    ပြန်လွတ်လာပေမဲ့ နေအိမ်အကျယ်ချုပ် ကျတယ်။ ဖုန်းနဲ့အင်တာနက်သုံးခွင့် မရဘူး။

  3. စက်တင်ဘာ ၂၀၊ ၂၀၂၁

    နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပေမဲ့ ခရီးသွားလာခွင့် ကန့်သတ်ခံရတယ်။

  4. ဇန်နဝါရီ ၁၃၊ ၂၀၂၂

    “ကျမ်းစာကို ကောင်းကောင်းလေ့လာဖို့၊ ညီအစ်ကို/မ အချင်းချင်း ကူညီထောက်မကြဖို့” ဗီဒီယိုကွန်းဖရင့်နဲ့ “အားပေး” တယ်ဆိုတဲ့ ပြစ်မှုနဲ့ တရားစွဲခံရတယ်။

  5. မတ် ၃၀၊ ၂၀၂၂

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားဟာ ကျွန်တော်တို့ကို “ဒုက္ခရောက်ချိန်မှာ” ကူညီပေးဖို့ အသင့်ရှိနေတယ်၊ အလွန်ကူညီပေးချင်တယ်ဆိုတာကို ရုရှားက ညီအစ်ကို၊ ညီအစ်မတွေနဲ့ အီဒါရဲ့တွေ့ကြုံမှုက သတိရစေတယ်။—ဆာလံ ၄၆:၁