အောက်တိုဘာ ၁၉၊ ၂၀၁၈
ရုရှား
ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေ “အစွန်းရောက်” လုပ်ငန်းအတွက် “လက်နက်တွေ” ပိုင်ဆိုင်မှုနဲ့ အမှုဆင်ခံရ
ရုရှားနိုင်ငံ၊ ကီရို့ဗ်ဒေသမှာ ရှာဖွေနေစဉ်အတွင်း လက်နက်တွေ တွေ့ရှိကြောင်း၊ အဲဒီလက်နက်တွေကို ယေဟောဝါသက်သေတွေ ပိုင်ဆိုင်တယ်လို့ အာဏာပိုင်တွေ ဆိုကြကြောင်း နိုင်ငံတကာ သတင်းဌာနတချို့က ဖော်ပြကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေ မဟုတ်သူရဲ့ အိမ်မှာ အဲဒီ “လက်နက်တွေ” ကို အာဏာပိုင်တွေ ရှာတွေ့ခဲ့တာပါ။ တကယ်တော့ ဒုတိယကမ္ဘာစစ်ကျန် သံချေးတက်နေတဲ့၊ စစ်သုံးပစ္စည်း သုံးခုဖြစ်တဲ့ ဗုံးနှစ်လုံး၊ မြေမြှုပ်ဗုံးတစ်လုံးပါ။ အိမ်ရှင်ရဲ့ ဇနီးက ယေဟောဝါသက်သေဖြစ်ပြီး အဲဒီပစ္စည်းတွေ ခင်ပွန်းဆီမှာ ရှိကြောင်း သိတောင်မသိခဲ့ဘူး။
ဒီစစ်ကျန်ပစ္စည်းတွေရဲ့ ပိုင်ရှင်ဟာ ရုရှားမှာ လူသိများတဲ့ “ရှာဖွေရေး” တပ်ဖွဲ့ခေါင်းဆောင်ဟောင်းတစ်ဦးပါ။ ဒီရှာဖွေရေးတပ်ဖွဲ့က ဒုတိယကမ္ဘာစစ် ကျဆုံးစစ်သည်တွေရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေပြီး ကောင်းကောင်မွန်မွန် မြှုပ်နှံပေးရတယ်။ ဒီလိုရှာဖွေတဲ့အခါ သုံးလို့မရတော့တဲ့ လက်နက်တွေ အပါအဝင် စစ်ကျန်ပစ္စည်းတွေ မကြာခဏ တွေ့ရတတ်တယ်။
ရုရှားအာဏာပိုင်တွေက ငြိမ်ချမ်းရေး မြတ်နိုးတဲ့ ကျွန်တော်တို့ကို နာမည်ဖျက်ဖို့ မဟုတ်မမှန် ဝါဒဖြန့်နေတဲ့အတွက် မိမိရဲ့နောက်လိုက်တွေ နည်းအမျိုးမျိုးနဲ့ “မဟုတ်မမှန် စွပ်စွဲခံရ” လိမ့်မယ်လို့ ယေရှု ကြိုပြောခဲ့တာကို ပြန်သတိရစေတယ်။—မဿဲ ၅:၁၁။