မာတိကာဆီ ကျော်သွား

မေ ၃၀၊ ၂၀၁၇
ရုရှား

၂၀၁၇၊ ဇူလိုင် ၁၇ မှာ ယေဟောဝါသက်သေတွေ အယူခံဝင်​ထားတာကို ရုရှား​တရားရုံးချုပ် ကြားနာ​မယ်

၂၀၁၇၊ ဇူလိုင် ၁၇ မှာ ယေဟောဝါသက်သေတွေ အယူခံဝင်​ထားတာကို ရုရှား​တရားရုံးချုပ် ကြားနာ​မယ်

ရုရှား​က ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု​ကို ပိတ်ပင်​ဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို သက်သေခံတွေ အယူခံဝင်​ထားတယ်။ ဧပြီ ၂၀ ရက်​နေ့​က တရားသူကြီး ယူ​ရီ အယ်​ဗိုင်​ည​င်​ကာ က တစ်နိုင်ငံလုံး​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ တရားဝင် အသင်းအဖွဲ့ လုပ်ငန်း​အားလုံးကို ပိတ်ပင်​ဖို့ ဆုံးဖြတ်ချက် ချ​လိုက်တယ်။ တရားသူကြီး သုံးယောက်​ပါတဲ့ အယူခံ​တရားရုံး​က ၂၀၁၇၊ ဇူလိုင် ၁၇ မှာ ကြားနာ​ပါလိမ့်မယ်။

အဆိုပါ​စီရင်ချက်​ကို ပြန်​ပယ်ဖျက်​ပေးဖို့ အယူခံဝင်​ထားပါ​တယ်။ အဲဒီ​အယူခံ​စာမှာ စီရင်ချက်ဟာ ခိုင်လုံတဲ့ အထောက်အထား​တွေ​ပေါ် အခြေ​မခံ​ကြောင်း၊ ယေဟောဝါ​သက်သေတွေဟာ အစွန်းရောက်​လုပ်ရပ် ဘာတစ်ခုမှ မ​လုပ်​ကြောင်း အလေးအနက် ဖော်ပြ​ထားတယ်။ အခု​စွပ်စွဲချက်တွေ​ဟာ အရင် ဆိုဗီယက်​အချိန်တုန်းက ယေဟောဝါ​သက်သေတွေကို နှိပ်စက်​ဖို့ အာဏာပိုင်တွေ အသုံးပြုခဲ့တဲ့ စွဲချက်​တွေ​နဲ့ တူ​နေကြောင်း၊ နောက်ပိုင်းမှာ အဲဒီ​စွဲချက်​တွေဟာ မဟုတ်​မှန်​ကြောင်း၊ ယေဟောဝါသက်သေတွေ​မှာ ဘာ​အပြစ်​မှ​မရှိကြောင်း ကြေညာခဲ့တယ်​လို့ အယူခံ လျှောက်​လှဲ​စာမှာ အတိအလင်း ဖော်ပြ​ထားတယ်။ အဲဒီအပြင် အဲဒီ​စီရင်ချက်ဟာ ရုရှား​ရဲ့ ဖွဲ့စည်းပုံ အခြေခံ​ဥပဒေ​နဲ့​ရော အပြည်ပြည်ဆိုင်ရာ ဘာသာရေး​လွတ်လပ်ခွင့် အာမခံချက်​နဲ့​ပါ ဆန့်ကျင်​နေကြောင်း အယူခံ လျှောက်​လှဲ​စာထဲမှာ အလေးအနက် ဖော်ပြ​ထားတယ်။

ကွန်မြူနစ်​အုပ်ချုပ်မှု​အောက်မှာ ယေဟောဝါသက်သေတွေ ခံခဲ့ရတဲ့ ဖိနှိပ်မှုကို အခု​စီရင်ချက်​ကြောင့် ပြန်​ခံ​နေရ​ပြီ။ အာဏာပိုင်တွေ​က ယေဟောဝါ​သက်သေတွေကို “အစွန်းရောက်​လုပ်ငန်း​တွေ” လုပ်နေတယ်​ဆိုပြီး တရားစွဲ​တယ်၊ အလုပ်ရှင်တွေ​က သက်သေခံတွေကို အလုပ်​ဖြုတ်​ပစ်တယ်၊ ကျောင်းဆရာ၊ ဆရာမတွေ​က သက်သေခံ ကျောင်းသူ၊ ကျောင်းသားတွေကို အတန်းဖော်​တွေ​ရှေ့ ခြိမ်းခြောက်​ကြတယ်၊ တစ်ဖက်သတ်​အစွဲ​ရှိ​သူတွေက သက်သေခံတွေရဲ့ ဝတ်ပြုတဲ့​နေရာတွေကို ဖျက်ဆီး​ကြတယ်၊ ယေဟောဝါသက်သေတွေရဲ့ အိမ်​နှစ်​အိမ်ကို မီးရှို့​ခဲ့လို့ လုံးလုံး​ပျက်စီး​သွားခဲ့တယ်။

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေတွေ​က ရုရှား​တရားရုံးချုပ်ရဲ့ အယူခံ​တရားရုံး​ဟာ မတရားမှုကို မြင်ပြီး စီရင်ချက်​ကို ပြန်​ပယ်ဖျက်​ပေးမယ်လို့ မျှော်လင့်​နေတယ်။ ဒါမှသာ ရုရှား​နိုင်ငံမှာ​ရှိတဲ့ ယေဟောဝါသက်သေတွေ​အတွက် လုံခြုံမှု​နဲ့ ဘာသာရေး​လွတ်လပ်မှု ရရှိ​မှာ​ဖြစ်တယ်။