မာတိကာဆီ ကျော်သွား

ညီအစ်ကို အနာတိုလီ အီစာကို့ဗ်နဲ့ ဇနီး တက်ယာနာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်
ရုရှား

‘ယေဟောဝါ ကျွန်တော့်ကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဘူး’

‘ယေဟောဝါ ကျွန်တော့်ကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဘူး’

ကူဂမ်ဒေသ၊ ကူဂမ်မြို့တရားရုံးက ညီအစ်ကို အနာတိုလီ အီစာကို့ဗ်ရဲ့အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ်ကို တင်ပြခြင်းမရှိသေးဘူး။

ကိုယ်ရေးအကျဉ်း

အခက်အခဲတွေကြား အနာတိုလီ ကြံ့ကြံ့ခံရပ်တည်ပြီး ယုံကြည်ခြင်းခိုင်မာနေတာ မြင်ရလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ ယေဟောဝါဘုရားဟာ ‘ကျွန်တော်တို့ရဲ့ကျောက်ဆောင်’ အမြဲဖြစ်နေမယ်ဆိုတာ သိထားလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၇၃:၂၆

အချိန်ပြဇယား

  1. ဇူလိုင် ၁၃၊ ၂၀၂၁

    ပြစ်မှုစတင်ဖွင့်လှစ်

  2. ဇူလိုင် ၁၄၊ ၂၀၂၁

    အိမ်ကို ဝင်ရောက်ရှာဖွေပြီး အနာတိုလီကို ချုပ်ထား

  3. ဇူလိုင် ၁၅၊ ၂၀၂၁

    အချုပ်ထောင်ကို ပို့

  4. ဇူလိုင် ၂၁၊ ၂၀၂၁

    ကင်ဆာကုထုံးတွေ ဆက်ခံယူနိုင်အောင် အချုပ်ကနေလွှတ်ပေးဖို့ ကူဂမ်ဒေသက ကျန်းမာရေးဌာနဆီ အယူခံတင်သွင်းတယ်။

  5. ဩဂုတ် ၂၈၊ ၂၀၂၁

    လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးရဲ့ တောင်းဆိုချက်ကြောင့် အချုပ်ထောင်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်လိုက်တယ်။

  6. ဇူလိုင် ၆၊ ၂၀၂၃

    အမှု စတင်ကြားနာစစ်ဆေးတယ်။