မာတိကာဆီ ကျော်သွား

ဧပြီ ၃၊ ၂၀၁၇
ရုရှား

ဗီဒီယို– ရုရှားက ယေဟောဝါသက်သေတွေ ပိတ်ပင်ခံရတဲ့ကိစ္စကို ပညာရှင်တွေ တုံ့ပြန်ပုံ

ဗီဒီယို– ရုရှားက ယေဟောဝါသက်သေတွေ ပိတ်ပင်ခံရတဲ့ကိစ္စကို ပညာရှင်တွေ တုံ့ပြန်ပုံ

၂၀၁၇၊ ဧပြီ ၅ ရက်မှာ ရုရှား ဗဟိုတရားရုံးချုပ်က ရုရှားတစ်နိုင်ငံလုံးရှိ ယေဟောဝါသက်သေတွေရဲ့ တရားဝင် အဖွဲ့အစည်းတွေကို ဖျက်သိမ်းပြီး ပိတ်ပင်ဖို့ စီရင်ချက်ချမှာ ဖြစ်တယ်။ ဒီလိုစီရင်ချက် ချလိုက်ရင် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှုဟာ တရားဝင်တော့မှာ မဟုတ်ဘူး။ အဲဒါကို ရုရှားနဲ့ တခြားနိုင်ငံတွေက လူ့အခွင့်အရေး ပညာရှင် အတော်များများက မတရားဘူးလို့ ဆိုကြတယ်။ ယေဟောဝါသက်သေတွေကို ပိတ်ပင်ခဲ့ရင် သက်သေခံတွေကိုသာ ထိခိုက်မှာ မဟုတ်ဘဲ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်လည်း ထိခိုက်မှာ ဖြစ်တယ်။ နိုင်ငံတကာမှာ ရုရှားနိုင်ငံရဲ့ နာမည် ပျက်ဖို့ပဲ ရှိတယ်။

  • ဟိုင်နာ ဘီလဖက်တ် “ယေဟောဝါသက်သေတွေကို အစွန်းရောက်သူတွေလို့ ခေါ်ရင် ကျွန်တော်တို့အားလုံးပါ အစွန်းရောက်သူတွေ ဖြစ်ကုန်ပြီ။”

    ဘာသာရေးလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ယုံကြည်ခွင့်ရရှိရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အရာရှိဟောင်း

  • ရစ်ချက် ကလေတန်၊ ကွီဘက်မြို့ “မကောင်းတဲ့ဥပဒေတစ်ခုကို မကောင်းတဲ့ ရည်ရွယ်ချက်အတွက် အသုံးချနေတာပဲလို့ ဆိုရမယ်။”

    အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ရှေ့နေနဲ့ ဗင်းနစ် ကော်မရှင်အဖွဲ့ရဲ့ ယူကေ ကိုယ်စားလှယ်

  • ဒေါက်တာ မက်စီမို အင်ထရိုဗင်န် “ယေဟောဝါသက်သေတွေ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တာဆိုလို့ သူတို့ဟာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ ဖြစ်နေရတာ တစ်ခုပဲ။”

    လူမှုဗေဒပညာရှင်နှင့် လူမျိုးရေးခွဲခြားမှု၊ လူမျိုးခြားကြောက်စိတ်၊ ခွဲခြားဆက်ဆံမှုတို့ကို တိုက်ဖျက်ရေးဆိုင်ရာ OSCE ကိုယ်စားလှယ်ဟောင်း

  • အန်နီကာ ဟာဗစ်သမာ ‘ယေဟောဝါ သက်သေတွေဟာ အစွန်းရောက်သူတွေဆိုရင် ခရစ်ယာန်ဘာသာလို့ အခေါ်ခံတဲ့အဖွဲ့ အတော်များများကိုလည်း အစွန်းရောက်သူတွေလို့ သတ်မှတ်ရမယ်။’

    ကိုပင်ဟေဂင် တက္ကသိုလ်၊ ယဉ်ကျေးမှုဖလှယ်ခြင်း၊ ဒေသဆိုင်ရာ လေ့လာရေး ဌာနရဲ့ တွဲဖက်ပါမောက္ခ/လေ့လာရေးဦးစီး

  • လွတ်မီလာ အလက်စီယီဗာ “ဒါက မှားတာလောက်ပဲ မဟုတ်ဘူး။ ပြစ်မှု မြောက်သွားပြီ။”

    မော်စကို ဟဲလ်စင်ကီအဖွဲ့ရဲ့ ဥက္ကဌ၊ ရုရှား အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာကောင်စီ အဖွဲ့ဝင်

  • အနာတိုလီ ဗာစီလီဗစ်ရှ် ပါရှန်လိဗ် “ယေဟောဝါသက်သေတွေ ဘက်ကနေ ထောက်ခံပြောဆိုပေးကြစို့။”

    ဘာသာတရားနဲ့ ဥပဒေဂျာနယ်ရဲ့ အယ်ဒီတာချုပ်

  • ဗလာဒီမာ ဗာစီလီဗစ် ရာကော့ဗ်စကီး “အမြဲတမ်း ယေဟောဝါသက်သေတွေနဲ့ စပြီး လူတကာဆီ ပျံ့သွားတော့တာပဲ။”

    လူ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်

  • မက်ဆီမ် ရှေဗချန်ကို “ဒီအဆိုက လွတ်လပ်စွာ ယုံကြည်ခွင့်နဲ့ဆိုင်တဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်တာပဲ။”

    ခေတ်သစ် ဘာသာတရားနဲ့ နိုင်ငံရေး အဓိကလေ့လာရေးဌာနရဲ့ ဥက္ကဌ

  • ဒေါက်တာ ဟျူးဘတ် စေးဝတ် ‘တရားရေးကြားနာမှုတွေမှာ ယေဟောဝါသက်သေတွေအပေါ် စွဲချက်အားလုံးဟာ ခိုင်လုံမှု မရှိဘူး။’

    လိုက်ဇစ် တက္ကသိုလ် ဘာသာရေး လေ့လာမှုဌာန ပါမောက္ခ

  • မာစီးဒီး မူရီလို မူညို “နိုင်ငံတော်က ဒီဘာသာရေးအဖွဲ့ကို အထူးယုံကြည်စိတ်ချတယ်။”

    ကင်းဟွန်း ကာလို့စ်တက္ကသိုလ် (စပိန်) က ဘာသာရေး ဥပဒေ ပါမောက္ခ

  • ကွန်ဆူအယ်လို မာဒရီဂါလ် ယေဟောဝါ သက်သေတွေကို “အန္တရာယ်ရှိသူတွေလို့ ကျွန်မ လုံးဝ မယူဆဘူး။”

    စပိန်နိုင်ငံတော်ရှေ့နေချုပ်ဟောင်းနဲ့ တရားရေးအကြံပေးသူ