မာတိကာဆီ ကျော်သွား

၂၀၁၇ ဧပြီ ၅
ရုရှား

ယေဟောဝါသက်သေတွေရဲ့ အမှုကို ရုရှား​တရားရုံးချုပ် စတင်​စစ်ဆေး

ယေဟောဝါသက်သေတွေရဲ့ အမှုကို ရုရှား​တရားရုံးချုပ် စတင်​စစ်ဆေး

နယူးယောက်​— ဒီ​က​နေ့၊ ရုရှား​ဖယ်​ဒ​ရေး​ရှင်း တရားရုံးချုပ်​က ရုရှား​နိုင်ငံရှိ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေး​ဌာန​ကို ဖျက်သိမ်း​ဖို့ တရားရေး​ဝန်ကြီးဌာနရဲ့ စွဲ​ဆို​ချက်​ကို သုံးသပ်​ခဲ့​ကြတယ်။ တရားရုံး​က ကြားနာ​မှု​ကို ခေတ္တ​ရပ်နား​ပြီး ၂၀၁၇ ဧပြီလ ၆ ရက်၊ ကြာသပတေး​နေ့ ညနေ ၂:၀၀ နာရီ​မှာ ပြန်ကြား​နာ​စစ်ဆေးမယ်​လို့ ကြေညာတယ်။

၂၀၁၇ မတ် ၃၀ ရက်​နေ့မှာ ယေဟောဝါ​သက်သေခံတွေ​က တရားရေး​ဝန်ကြီးဌာန​ကို တန်ပြန်​စွဲ​ဆို​ချက် တင်ထားတယ်။ ဒီ​က​နေ့ တရားရုံး​က ခေတ္တ ရပ်နား​မယ်​လို့ မ​ကြေညာ​ခင် သက်သေခံတွေရဲ့ တန်ပြန်​စွဲ​ဆို​ချက်​ကို ပ​လ​ပ်​လိုက်တယ်။ ပြီးတော့ တရားရေး​ဝန်ကြီးဌာနရဲ့ စွဲ​ဆို​ချက်​နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ သက်သေ​ထွက်ဆို​ခွင့် တောင်းဆိုတာကို​လည်း တရားရုံး​က ငြင်းပယ်​တယ်။ ယေဟောဝါသက်သေတွေရဲ့ ဒေသခံ ဘာသာရေး​အဖွဲ့အစည်း​ကို မတရား​စွပ်စွဲ​တဲ့​အကြောင်း မျက်မြင်​သက်သေ​တွေ သက်သေ​ထွက်ဆို​ခွင့် တောင်းဆိုတာကို​လည်း ငြင်းပယ်​တယ်။

ဒီ​အမှု​ဟာ လူသိ​များတဲ့​အမှု ဖြစ်နေလို့ အပြည်ပြည်ဆိုင်ရာ သတင်းထောက်​တွေ​က သတင်းပို့​နေကြတယ်။ ဧပြီ ၄ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းက “ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု​ကို ပိတ်ပင်​လိုက်​ဖို့ ရုရှား​တရားရုံးချုပ် စဉ်းစား​နေ” ဆိုတဲ့ ဆောင်းပါးကို အွန်လိုင်း​ပေါ် တင်ထားတယ်။ အဲဒီအပြင် ဧပြီ ၅ ရက်ထုတ် နယူးယောက်​တိုင်းမ်​စ် သတင်းစာ​ပါ မျက်နှာဖုံး​ဆောင်းပါး​က “‘အစွန်းရောက်​အဖွဲ့’ လို့​စွပ်စွဲ​ခံ​နေရတဲ့ စစ်​ဆန့်ကျင်တဲ့ ခရစ်ယာန်​အဖွဲ့ တစ်ဖွဲ့​ကို ရုရှား​က ပိတ်ပင်​ဖို့ ကြိုးစား​နေ” လို့​ဆိုတယ်။

“ရုရှား​တရားရုံးချုပ်​က ရုရှား​မှာ​ရှိတဲ့ ယုံကြည်ခြင်း​တူ​သူတွေကို လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့်​ပေးမယ်လို့ ကျွန်တော်တို့ မျှော်လင့်​ပါတယ်” ဆိုပြီး နယူးယောက်​ရှိ သက်သေခံတွေရဲ့ ဌာနချုပ် ကိုယ်စားလှယ်၊ ဒေးဗစ် အေ၊ စီ​မို​နီ​ယန် က​ပြောပါ​တယ်။ “ဒီ​အမှု​ဟာ ဘယ်လို ဆက်ဖြစ်​မယ်၊ ဥပဒေ​လိုက်နာ​တဲ့ ရုရှား​နိုင်ငံသား ယေဟောဝါ​သက်သေတွေကို ရုရှား​တရားရုံးချုပ်​က ကာကွယ်ပေး​မပေး ကမ္ဘာ​တစ်ဝန်း​က လူ​သန်းနဲ့​ချီ စောင့်စား​ကြည့်ရှု​နေကြပါတယ်။

သတင်း​အချက်အလက် ဆက်သွယ်​ရန်-

နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000

ရုရှား- Yaroslav Sivulskiy, +7-812-702-2691