မေ ၁၊ ၂၀၁၈
ရုရှား
ယေဟောဝါသက်သေများရဲ့ အမေရိကန် ကော်ပိုရေးရှင်းပိုင် အိမ်မြေရာအဆောက်အအုံတွေကို ရုရှားအာဏာပိုင်တွေ သိမ်းယူဖို့ ကြိုးစား
နယူးယောက်—ရုရှားနိုင်ငံ ယခင် ယေဟောဝါသက်သေများရဲ့ ရုံးချုပ်ကို သိမ်းယူဖို့ စီရင်ဆုံးဖြတ်ချက်အတွက် အယူခံမှုကို ၂၀၁၈၊ မေ ၃၊ ကြာသပတေးနေ့မှာ စိန့်ပီတာစဘတ်မြို့တော် တရားရုံးမှာ ကြားနာပါမယ်။ ဒီအယူခံမှုမှာ ယေဟောဝါသက်သေတွေ ရှုံးနိမ့်သွားခဲ့ရင် အဆောက်အအုံ ၁၄ ခုပါတဲ့ မြေကွက်ကို နိုင်ငံတော်က ချက်ချင်း သိမ်းယူသွားနိုင်ပါတယ်။ မြေကွက်ဟာ ၂၅ ဧက ကျယ်ပြီး အမေရိကန် ဒေါ်လာ ၃၁.၈ သန်း (ရူဘယ် ၂ ဘီလီယံ) တန်တယ်။
ယေဟောဝါသက်သေများရဲ့ ရုံးကို အမေရိကန်ပြည်ထောင်စု အခြေစိုက် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း (WTPA) က ပိုင်ဆိုင်ကြောင်း အထောက်အထားကို ဆက်စထရိုရက်စကီ ခရိုင်တရားရုံးက လျစ်လျူရှုပြီး ၂၀၁၇၊ ဒီဇင်ဘာလမှာ စီရင်ချက် ချခဲ့တယ်။ ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေများက အိမ်မြေရာ အဆောက်အဦ ပိုင်ဆိုင်မှုကို ၂၀၀၀ ပြည့်နှစ်မှာ WTPA ကို လွှဲပြောင်းပြီးကတည်းက WTPA ဟာ ရုရှားဖယ်ဒရေးရှင်းကို အိမ်မြေရာ အဆောက်အအုံအတွက် ဒေါ်လာ ၃ သန်း အခွန်ဆောင်ခဲ့ပြီးပါပြီ။ တရားဝင် ပိုင်ဆိုင်မှု လွှဲပြောင်းတာ ၁၇ နှစ် ကျော်ပြီ ဆိုတာကို ရုရှားအစိုးရက အသိအမှတ်ပြုပေမဲ့ ခရိုင်တရားရုံးက WTPA ရဲ့ ပိုင်ဆိုင်မှုစာချုပ် တရားမဝင်ကြောင်း ကြေညာခဲ့ပါတယ်။ ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေများရဲ့ ဗဟိုအုပ်ချုပ်ရေးရုံး (AC) ကသာ ပိုင်ရှင် အစစ်အမှန်ဖြစ်ကြောင်း တရားရုံးက ကြေညာခဲ့တယ်။ တရားရုံးချုပ်က ၂၀၁၇ ခုနှစ်မှာ AC ကို ပိတ်ပင်လိုက်ပြီဖြစ်လို့ အယူခံမှုကို ယေဟောဝါသက်သေတွေ ရှုံးနိမ့်သွားခဲ့ရင်၊ ဆုံးဖြတ်ချက် အကျိုးသက်ရောက်ပြီး နိုင်ငံတော်က အိမ်မြေရာ အဆောက်အအုံတွေကို ချက်ချင်း သိမ်းယူသွားနိုင်တယ်။
ရုရှားနိုင်ငံ၊ အူလ် ဘေဆေနေညာ ၆ လမ်းရှိ စိန့်ပီတာစဘတ်မြို့တော် တရားရုံးမှာ မေ ၃ ရက်နေ့၊ မနက် ၁၁:၃၀ နာရီ ကျရင် စတင်ကြားနာပါမယ်။
Media Contacts:
International: David A. Semonian, Office of Public Information, +1-845-524-3000