မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ညီအစ်ကို အလက်ဆန်ဒါ ဆိုဘရန်နန်၊ ဗလာဒီမာ တင်မို့ရှကင်၊ ဗလာဒီမာ ပိုတာရာညာ့ဗ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်
ရုရှား

“ယေဟောဝါ အမြဲကူညီပေးတယ်”

“ယေဟောဝါ အမြဲကူညီပေးတယ်”

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈ ရက်မှာ ပါမ်ဒေသ၊ ဆိုလီကမ်မြို့ တရားရုံးက ညီအစ်ကို ဗလာဒီမာ ပိုတာရာညာ့ဗ်၊ ညီအစ်ကို အလက်ဆန်ဒါ ဆိုဘရန်နန်၊ ညီအစ်ကို ဗလာဒီမာ တီမိုရှကင်တို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ သူတို့သုံးယောက်ကို ရူဘယ် ၆၃၈,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၇၈၇)၊ ရူဘယ် ၄၉၄,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၂၅၅)၊ ရူဘယ် ၅၁၂,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၄၄၇) အသီးသီး ဒဏ်ငွေ ချမှတ်လိုက်တယ်။ အခုလောလောဆယ် သူတို့ ထောင်ထဲသွားစရာ မလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါကို ဆက်လက်ယုံကြည်အားကိုးတဲ့သူတွေ ဘုရားရဲ့ခိုင်မြဲတဲ့မေတ္တာကို ခံစားရမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၃:၅၊ ၆

အချိန်ပြဇယား

  1. ဇူလိုင် ၂၈၊ ၂၀၂၀

    အိမ်တွေကို စစ်ဆေးတယ်။ ညီအစ်ကိုသုံးယောက်စလုံးကို ချုပ်ထားတယ်။

  2. ဇူလိုင် ၂၉၊ ၂၀၂၀

    ဗလာဒီမာ တင်မို့ရှကင်ကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချတယ်။

  3. ဇူလိုင် ၃၀၊ ၂၀၂၀

    အလက်ဆန်ဒါကို အချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်။

  4. ဇူလိုင် ၃၁၊ ၂၀၂၀

    ဗလာဒီမာ ပိုတာရာညာ့ဗ်ကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချတယ်။

  5. စက်တင်ဘာ ၂၄၊ ၂၀၂၀

    ဗလာဒီမာ ပိုတာရာညာ့ဗ်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်။

  6. အောက်တိုဘာ ၂၆၊ ၂၀၂၀

    ဗလာဒီမာ တင်မို့ရှကင်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်တယ်။

  7. မေ ၁၆၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး

a ဗလာဒီမာ တင်မို့ရှကင်ရဲ့ ကိုယ်ပိုင်မှတ်ချက် မရရှိနိုင်ပါ။