မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို ဘဇာနို့ဗ်နဲ့ ဇနီး ဆန်ဇ်ဟာနာ၊ ညီအစ်မ ဗီရာ ဇိုလိုတိုဗာ

စက်တင်ဘာ ၂၁၊ ၂၀၂၀
ရုရှား

ရုရှားက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး၊ အသက် ၇၃ နှစ်အရွယ် ညီအစ်မတစ်ဦးတို့ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

ရုရှားက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး၊ အသက် ၇၃ နှစ်အရွယ် ညီအစ်မတစ်ဦးတို့ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

စီရင်ချက်ချမယ့်အချိန်

၂၀၂၀၊ စက်တင်ဘာ ၂၅ ရက်မှာ a ကမ်ချက်ကာဒေသ၊ ရီလီဇိုစကီ ခရိုင်တရားရုံးက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်နဲ့ ဇနီး ဆန်ဇ်ဟာနာ၊ ညီအစ်မ ဗီရာ ဇိုလိုတိုဗာတို့ရဲ့အမှုကို စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ညီအစ်ကိုနဲ့ ညီအစ်မ ဘဇာနို့ဗ်ကို ရူဘယ် ၆၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇,၈၅၀)၊ ညီအစ်မ ဇိုလိုတိုဗာကို ရူဘယ် ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၂၃၅) ဒဏ်ငွေပေးဆောင်ဖို့ တောင်းဆိုထားပါတယ်။

ကိုယ်ရေးအကျဉ်း

ကွန်စတန်တင် ဘဇာနို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (ပီထရို့ဗာလို့ ကမ်ချက်စကီမြို့၊ ကမ်ချက်ကာဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ မွေးချင်းလေးယောက်အနက် အကြီးဆုံး။ စက်ပြင်ဆရာဖြစ်ပြီး နည်းပညာကျောင်းမှာ သင်ပေးတယ်။ ငါးမျှားဝါသနာ ပါတယ်

  • ၂၀၀၁ မှာ ကျောင်းဆရာမ ဆန်ဇ်ဟာနာနဲ့ လက်ထပ်တယ်။ အဲလစ်ဇဘက်ဆိုတဲ့ သမီးတစ်ယောက် ရှိတယ်။ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုကြတယ်

ဆန်ဇ်ဟာနာ ဘဇာနို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၇ (ရှီကိုတန်ကျွန်း၊ စခါလင် အော့ဘ်လပ်)

  • ဘဝအတ္ထုပ္ပတ္တိ။ ကြင်ဖော်မဲ့ မိဘလက်အောက် ကြီးပြင်းလာတယ်။ ကလေးတွေကို ချစ်တယ်။ မူလတန်းကလေးတွေကို စာသင်ရတာ ဝါသနာပါတယ်။ အခုတော့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ခံနေရလို့ လူငယ်လေးတွေကို စာမသင်ပေးနိုင်ဘူး

  • ဘုရားသခင်အကြောင်း သိလာတယ်။ အဖွားက ဆုတောင်းတတ်အောင် သင်ပေးတယ်။ ဒါကြောင့် ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ချစ်တတ်လာတယ်

ဗီရာ ဇိုလိုတိုဗာ

  • မွေးဖွားတဲ့နှစ်။ ၁၉၄၆ (ရီလီဇိုဗိုမြို့၊ ကမ်ချက်ကာဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ မိသားစုကြီးတယ်။ ၁၉၆၆ မှာ ယူရီ ဇိုလိုတို့ဗ်နဲ့ လက်ထပ်တယ်။ ကလေးနှစ်ယောက် ရှိတယ်။ အငြိမ်းစား စာရင်းကိုင်တစ်ဦးပါ။ တောင်တက်တာ၊ စကိတ်စီးတာ၊ နှင်းလျှောစီးတာ ဝါသနာပါတယ်

  • နှစ်အတော်ကြာကြာ ဘုရားသခင်ကို ရှာခဲ့တယ်။ ဘာသာအမျိုးမျိုး လေ့လာကြည့်တယ်။ နောက်ဆုံးမှာ ဘုရားသခင်ဟာ တရားမျှတပြီး လူတွေကို ချစ်တယ်ဆိုတာ သိလာတယ်။ ခင်ပွန်းကတော့ ယေဟောဝါသက်သေ မဟုတ်ဘူး။ ဒါပေမဲ့ ကျမ်းစာက ဇနီး ဗီရာရဲ့ဘဝမှာ ကောင်းကျိုးဖြစ်စေတာကိုတော့ သဘောကျသူပါ

အမှုနောက်ကြောင်း

၂၀၁၈၊ သြဂုတ် ၁၉ ရက်မှာ ရီလီဇိုဗိုမြို့က သက်သေခံအိမ် သုံးလုံးကို ရဲတွေ ဝင်ရောက်ရှာဖွေတယ်။ ညီအစ်ကို/မ ၁၁ ယောက် အဖမ်းခံရတယ်။ နာရီနဲ့ချီ စစ်ဆေးမေးမြန်းခံရတယ်။ နောက်ဆုံးမှာ သက်သေခံ ရှစ်ယောက် ပြန်လွတ်လာတယ်။ ညီအစ်ကို ဘဇာနို့ဗ်နဲ့ ဇနီး၊ ညီအစ်မ ဇိုလိုတိုဗာတို့ကိုတော့ ရာဇဝတ်မှုနဲ့ စွဲချက်တင်ကြတယ်။ သူတို့ကို ယာယီ စစ်ကြောမေးမြန်းဆောင်မှာ ဖမ်းထားတယ်။ နှစ်ရက်အကြာမှာ ညီအစ်မတွေ ပြန်လွတ်လာတယ်။ ညီအစ်ကို ဘဇာနို့ဗ်ကို ဆက်ဖမ်းထားဖို့ တရားသူကြီး အမိန့်ချတယ်။ နောက်ရှစ်ရက်ကြာတော့ လွတ်လာတယ်။

စီရင်ချက်ကို စောင့်နေချိန် ညီအစ်ကို ဘဇာနို့ဗ်တို့မောင်နှံနဲ့ ညီအစ်မ ဇိုလိုတိုဗာ ယေဟောဝါကို ဆက်ယုံကြည်အားကိုးနိုင်အောင် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ယေဟောဝါက မိမိအပေါ် သစ္စာစောင့်သိသူတွေကို ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း ရှိစေမယ်၊ သူတို့ရဲ့ “မျှော်လင့်ချက်ဟာ သန့်ရှင်းသော စွမ်းအားတော်ရဲ့ တန်ခိုးကြောင့် ပိုပြီးရှင်သန်နေ” အောင် ကူညီမယ်ဆိုပြီး ကျမ်းစာမှာ အာမခံထားပါတယ်။—ရောမ ၁၅:၁၃

a အပြောင်းအလဲ ရှိနိုင်