မာတိကာဆီ ကျော်သွား

အပေါ်တန်း (ဝဲမှယာ)။ ညီအစ်ကို နီကိုလိုင် အနူဖရီရက်ဗ်၊ ညီအစ်ကို အက်ဝါ့ဒ် မီရင်ကော့ဗ်နဲ့ ဇနီး ဗလင်တီနာ။ ညီအစ်ကို ဂင်နာဒီ ပိုလရာကဲဗခ်၊ အလက်စန်ဒါ ပရီလပ်စကီ

အောက်တန်း (ဝဲမှယာ)။ ညီအစ်ကို ဗစ်တာ ရှန်နီကော့ဗ်နဲ့ ဇနီး ဗစ်တိုးရီးယား။ ညီအစ်ကို ဂင်နာဒီ စကူတဲလက်စ်၊ ညီအစ်ကို အလက်စန်ဒါ ဗိုရောန်စော့ဗ်နဲ့ ဇနီး ယေလီနာ

၂၀၂၂၊ ဇန်နဝါရီ ၂၀
ရုရှား

ရုရှားက ညီအစ်ကို ခုနစ်ယောက် ဖန်ဆင်းရှင် ဘုရားသခင်ကို ယုံကြည်အားထား

ရုရှားက ညီအစ်ကို ခုနစ်ယောက် ဖန်ဆင်းရှင် ဘုရားသခင်ကို ယုံကြည်အားထား

ကိုမီသမ္မတနိုင်ငံ၊ ပီချိုရာမြို့ တရားရုံးက ညီအစ်ကို နီကိုလိုင် အနူဖရီရက်ဗ်၊ အက်ဝါ့ဒ် မီရင်ကော့ဗ်၊ ဂင်နာဒီ ပိုလရာကဲဗခ်၊ အလက်စန်ဒါ ပရီလပ်စကီ၊ ဗစ်တာ ရှန်နီကော့ဗ်၊ ဂင်နာဒီ စကူတဲလက်စ်၊ အလက်စန်ဒါ ဗိုရောန်စော့ဗ်တို့ရဲ့ အမှု စီရင်ချက်ကို ကြေညာပါတော့မယ်။ ဘာပြစ်ဒဏ်ပေးရမယ်ဆိုတာ အစိုးရရှေ့နေ တောင်းဆိုထားခြင်း မရှိသေးပါ

အချိန်ပြဇယား

  1. ၂၀၂၀၊ ဇန်နဝါရီ ၂၈

    ကိုမီသမ္မတနိုင်ငံမှာ နေထိုင်တဲ့ ယေဟောဝါသက်သေ မိသားစု ၁၂ စုရဲ့ နေအိမ်ကို အစိုးရ အရာရှိတွေ ဝင်ရောက်ရှာဖွေတယ်။ ညီအစ်ကို ပိုလရာကဲဗခ်နဲ့ စကူတဲလက်စ်တို့ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုတယ်

  2. ၂၀၂၀၊ ဇန်နဝါရီ ၃၀

    ဂင်နာဒီ ပိုလရာကဲဗခ်ကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ထောင်ချထားတယ်။ ဂင်နာဒီ စကူတဲလက်စ်ကိုတော့ အကျယ်ချုပ် ချထားတယ်

  3. ၂၀၂၀၊ မေ ၂၀–၂၅

    အဲဒီရာဇဝတ်မှုရဲ့ သက်သေအတွက် ပီချိုရာမြို့က ယုံကြည်သူချင်းတွေကို စစ်ကြောမေးမြန်းတယ်။ စစ်ကြောရေးမှူးရဲ့ ခြိမ်းခြောက်မှု ခံရပြီးနောက် ညီအစ်ကိုတစ်ဦး လေဖြတ်သွားတယ်။ အခုတော့ သက်သာနေပါပြီ

  4. ၂၀၂၀၊ ဇွန် ၂၆

    ဂင်နာဒီ ပိုလရာကဲဗခ်ကို ဆက်ဖမ်းချုပ်ထားတယ်။ “အရာရှိတွေ နှိပ်စက်ညှဉ်းဆဲလည်း ယေဟောဝါအမှုတော်ကို ဆက်ဆောင်ရွက်ဖို့ လိုတယ်” ဆိုတဲ့ သူ့စကားကို “ကြီးလေးတဲ့ ရာဇဝတ်မှုကို တမင်တကာ ကျူးလွန်ခြင်း” ဖြစ်တယ်လို့ တရားသူကြီးက စွပ်စွဲတယ်

  5. ၂၀၂၀၊ သြဂုတ် ၂၄

    အရာရှိတွေက တခြားသက်သေခံ မိသားစု ၁၂ ခုရဲ့ အိမ်တွေကိုလည်း ဝင်ရောက်စီးနင်းတယ်

  6. ၂၀၂၀၊ နိုဝင်ဘာ ၁၀

    အလက်စန်ဒါ ပရီလက်ပစကီ၊ အလက်စန်ဒါ ဗိုရောန်စော့ဗ်၊ အက်ဝါ့ဒ်၊ နီကိုလိုင်၊ ဗစ်တာတို့ကို ရာဇဝတ်မှုနဲ့ တရားစွဲပြီး ဂင်နာဒီ ပိုလရာကဲဗခ်၊ ဂင်နာဒီ စကူတဲလက်စ်တို့ရဲ့ ပြစ်မှုတွေကို ပေါင်းလိုက်တယ်

  7. ၂၀၂၀၊ နိုဝင်ဘာ ၂၅

    အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ရက်ပေါင်း ၃၀၀ ထောင်ချခံရပြီးနောက် ဂင်နာဒီ ပိုလရာကဲဗခ်ကို လွှတ်ပေးပြီး အကျယ်ချုပ် ချထားတယ်

  8. ၂၀၂၁ ဇန်နဝါရီ ၂၇

    ရက်ပေါင်း ၃၆၃ ရက် အကျယ်ချုပ် ချခံရပြီးနောက် ဂင်နာဒီ စကူတဲလက်စ် ပြန်လွတ်လာတယ်

ကိုယ်ရေးအကျဉ်း

ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ယုံကြည်စိတ်ချတဲ့ ညီအစ်ကိုတွေဟာ ယခုရော အနာဂတ်မှာပါ ကောင်းချီးခံစားရမယ်ဆိုတာ ကျွန်တော်တို့ တထစ်ချ ယုံတယ်။—ဆာလံ ၂၇:၁၃