မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်နဲ့ ဇနီး အန်နာ

နိုဝင်ဘာ ၂၀၊ ၂၀၂၀
ရုရှား

ရုရှားက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ် ထောင်ဒဏ် ခြောက်နှစ် ကျခံရဖွယ်ရှိ

ရုရှားက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ် ထောင်ဒဏ် ခြောက်နှစ် ကျခံရဖွယ်ရှိ

စီရင်ချက်ချမယ့်အချိန်

၂၀၂၀၊ နိုဝင်ဘာ ၂၄ မှာ a ကမ်ချက်ကာဒေသ၊ ပီထရိုဗလို့ ကမ်ချာစကီမြို့ တရားရုံးက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်ရဲ့ အမှုကို စီရင်ချက် ချပါမယ်။ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံရဖွယ် ရှိတယ်။

ကိုယ်ရေးအကျဉ်း

ဆာဂေး လီဒန်ယို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၁၉၇၄ (အော့စိုရာ၊ ကမ်ချက်ကာဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ။ မောင်နှမ ခြောက်ယောက် ရှိတယ်။ ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ ပန်းရန်ဆရာ၊ ကြွေပြားခင်းသူပါ။ သက်သေခံတွေနဲ့ ကျမ်းစာ မလေ့လာခင်အထိတော့ ကျမ်းစာဟာ သိပ္ပံပညာနဲ့ မကိုက်ညီတဲ့ ခေတ်ဟောင်းစာအုပ်လို့ပဲ ယူဆတယ်။ ၂၀၁၇ ခုနှစ်မှာ အန်နာနဲ့ လက်ထပ်တယ်။ ဆာဂေးဟာ ကျမ်းစာမူတွေ လိုက်နာတဲ့အတွက် တည်ငြိမ်သူ၊ ဂရုစိုက်တတ်သူ၊ ခင်ပွန်းကောင်း ဖြစ်လာတယ်လို့ အန်နာ ပြောတယ်

အမှုနောက်ကြောင်း

၂၀၁၈၊ ဒီဇင်ဘာ ၂ မှာ မျက်နှာဖုံးစွပ် လက်နက်ကိုင် တပ်ဖွဲ့က ပီထရိုဗလို့ ကမ်ချာစကီမြို့ ညီအစ်ကို လီဒန်ယို့ဗ်အိမ်ကို ဝင်ရောက်စီးနင်းတယ်။ ဖမ်းဆီးထိန်းသိမ်းခံရပြီး ရုရှား ရာဇဝတ်မှု ဥပဒေပုဒ်မ ၂၈၂.၂ နဲ့ စွဲချက်တင်ကြတယ်။ ၂၀၁၉၊ နိုဝင်ဘာ ၂၈ ရက်မှာ အမှုကြားနာစစ်ဆေးတယ်။

၂၀၁၉၊ ဒီဇင်ဘာ ၁၂ ရက်မှာ ကမ်ချက်ကာဒေသ၊ ပီထရိုဗလို့ ကမ်ချာစကီမြို့ တရားရုံးက အမှုကို အစိုးရရှေ့နေဆီ ပြန်လွှဲလိုက်တယ်။ သက်သေအထောက်အထား မရှိခြင်းစတဲ့ ကြီးကြီးမားမား ပြဿနာ ရှိနေတဲ့ အမှုမျိုးကို အဲဒီနည်းအတိုင်း လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ၂၀၂၀၊ ဖေဖော်ဝါရီ ၄ ရက်မှာ အထက်တရားရုံးက ဆုံးဖြတ်ချက်ကို ပြောင်းလိုက်ပြီး အမှုပြန်ကြားနာတယ်။ နောက်ပိုင်း ကြားနာမှုမှာ ညီအစ်ကို လီဒန်ယို့ဗ်ရဲ့ ဇနီးနဲ့ နောက်ညီအစ်မတစ်ယောက်ကို စစ်ဆေးမေးမြန်းပြီး ညီအစ်ကို လီဒန်ယို့ဗ်အကြောင်း မဟုတ်မမှန် ထွက်ဆိုခိုင်းတယ်။ ညီအစ်မ လီဒန်ယို့ဗ်နဲ့ နောက်ညီအစ်မက အကြိမ်ကြိမ် ငြင်းဆိုတယ်။

သက်သေခံ မဟုတ်တဲ့ ဆွေမျိုးတွေလည်း ညီအစ်ကို လီဒန်ယို့ဗ် ယုံကြည်ခြင်းအတွက် အခုလို နှိပ်စက်ခံနေရတာကို နားမလည်နိုင်ကြဘူး။

စီရင်ချက်ကို စောင့်နေစဉ် ညီအစ်ကို လီဒန်ယို့ဗ်တို့မောင်နှံအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ သူတို့အပေါ် ယေဟောဝါရဲ့ စွမ်းအားတော် သက်ရောက်နေမယ်ဆိုတာ စိတ်ချပါတယ်။—၁ ပေတရု ၄:၁၄

a အပြောင်းအလဲ ရှိနိုင်။