စက်တင်ဘာ ၂၃၊ ၂၀၂၀
ရုရှား
ရုရှားက ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရဖွယ်ရှိ
စီရင်ချက်ချမယ့်အချိန်
၂၀၂၀၊ အောက်တိုဘာ ၇ မှာ a ကဘာဒီနို ဘာလ်ကာရီးယားဒေသ၊ မာစကီခရိုင်တရားရုံးက ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ်ရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ သူဟာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရဖွယ်ရှိတယ်။
ကိုယ်ရေးအကျဉ်း
ယူရီ ဇာလစ်ပေရေ့ဗ်
မွေးဖွားတဲ့နှစ်။ ၁၉၆၂ (ဆမာရ)
ဘဝအတ္ထုပ္ပတ္တိ။ ဝရိန်ဆရာ၊ ထရပ်ကားမောင်းသူ။ ကဗျာရေးတာ၊ တောင်တက်တာတွေ ဝါသနာပါတယ်
ကျောင်းနေဖက်ဖြစ်ခဲ့တဲ့ နာတာလီရာနဲ့ ၁၉၈၃ ခုနှစ်မှာ လက်ထပ်လိုက်တယ်။ ဆယ်နှစ်အကြာမှာ ကျမ်းစာကို အတူလေ့လာကြတယ်။ ကလေး သုံးယောက် ရှိတယ်။ ဆွေမျိုးတချို့နဲ့အတူ မိသားစုလိုက် ယေဟောဝါကို ဝတ်ပြုကြတယ်
အမှုနောက်ကြောင်း
၂၀၁၆၊ သြဂုတ် ၂၀ မှာ မာစကီမြို့မှာရှိတဲ့ ဝတ်ပြုရာခန်းမကို ရဲတွေ ဝင်ရောက်စီးနင်းပြီး “အစွန်းရောက်” အဖြစ် ပိတ်ပင်ထားတဲ့ စာပေတွေကို လာထည့်ထားကြတယ်။ ဒီစာပေတွေကို တမင် လာထားတာဖြစ်ကြောင်း သက်သေဗီဒီယို ရှိပေမဲ့ တရားရုံးက ဒေသခံ ဘာသာရေးအဖွဲ့အစည်းကို ဥပဒေချိုးဖောက်မှုနဲ့ ရူဘယ် ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၆၃၄) ဒဏ်ငွေတပ်တယ်။ လအတော်ကြာတဲ့အခါ အဲဒီအမှုနဲ့ပဲ ညီအစ်ကို ဇာလစ်ပေရေ့ဗ်ကို စွဲချက်တင်တယ်။
အစိုးရရှေ့နေက ညီအစ်ကို ဇာလစ်ပေရေ့ဗ်ကို ပိတ်ပင်ထားတဲ့စာပေတွေ ဖြန့်ချိတယ်၊ ဘာသာခြားတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့ အားပေးတယ်လို့ စွပ်စွဲတယ်။ (ရုရှား ရာဇဝတ်မှု ဥပဒေ၊ ပုဒ်မ ၂၈၀၊ အပိုင်း ၁) “အစွန်းရောက်လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့ လူထုကို အားပေးခြင်း” ခေါင်းစဉ်အောက်မှာ ဒီစွဲချက်တွေ ရှိတယ်။
၂၀၂၀၊ ဇွန် ၂၁ မှာ အမှု စတင်ကြားနာတယ်။ ကြားနာချိန်မှာ အစိုးရရှေ့နေရဲ့ သက်သေတွေ တစ်ယောက်တစ်မျိုး ထွက်ဆိုကြတယ်။ ခိုင်လုံတဲ့အထောက်အထားလည်း မရှိဘူး။ ဥပမာ၊ အမှုဆက်ကြားနာတဲ့အခါ အကြမ်းဖက်ဖို့ တခြားသူတွေကို ညီအစ်ကို ဇာလစ်ပေရေ့ဗ် လှုံ့ဆော်နေတာ ကြားတယ်ဆိုတဲ့ သက်သေတချို့ဟာ တကယ်တော့ အဲဒီအစည်းအဝေးမှာ ရှိမနေမှန်း ပေါ်သွားတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ ပိတ်ပင်ထားတဲ့စာပေတွေကို ဝတ်ပြုရာခန်းမမှာ လာထားတယ်ဆိုပြီး အစိုးရရှေ့နေတွေရဲ့ သက်သေတချို့ သက်သေထွက်ဆိုကြတယ်။
စီရင်ချက်ကို စောင့်နေရချိန်မှာ ညီအစ်ကို ဇာလစ်ပေရေ့ဗ်နဲ့ မိသားစုဟာ “ယေဟောဝါဟာ ငါ့အစွမ်းခွန်အား၊ ငါ့ဒိုင်းလွှားပဲ။ ဘုရားကိုပဲ ယုံကြည်ကိုးစားတယ်။ ဘုရားကူညီပေးလို့ ဝမ်းသာတယ်” ဆိုတဲ့ ဒါဝိဒ်ရဲ့စကားကနေ ခွန်အားနဲ့ စိတ်ငြိမ်သက်မှု ရနိုင်ပါစေ။—ဆာလံ ၂၈:၇။
a အပြောင်းအလဲ ရှိနိုင်