မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၀
ရုရှား

ရုရှားက ညီအစ်ကို ယေ့ဂျနီ အက်စိုနို့ဗ်ကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်စီရင်ချက် ချ

ရုရှားက ညီအစ်ကို ယေ့ဂျနီ အက်စိုနို့ဗ်ကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်စီရင်ချက် ချ

၂၀၂၀၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ခါဘာရော့စ်မြို့၊ ရှလက်ဇနာ ဒရော်ဇနီ ခရိုင်တရားရုံးက ယေ့ဂျနီကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်စီရင်ချက် ချလိုက်ပါတယ်။ ပြစ်ဒဏ်ကာလ နှစ်နှစ်အတွင်း ယေ့ဂျနီ အိမ်ပြောင်းရွှေ့ပါက ဒါမှမဟုတ် ရာဇဝတ်မှု ကျူးလွန်မိပါက ထောင်ထဲ ဝင်ရပါမယ်။ ပထမ ခြောက်လမှာတော့ ကန့်သတ်ချက်တွေနဲ့ နေထိုင်ပြီး ဒေသခံ အာဏာပိုင်တွေဆီ လတိုင်း အစီရင်ခံရမယ်။ ကန့်သတ်ချက်နဲ့ နေထိုင်စဉ် ခါဘာရော့စ်မြို့ကနေ ဘယ်ကိုမှ ခရီးသွားလာခွင့် မရှိဘူး။ ညနေပိုင်းတွေမှာ အိမ်ကနေ ထွက်ခွင့်လည်း မရှိဘူး။ ဒီပြစ်ဒဏ်စီရင်ချက်အတွက် ယေ့ဂျနီ အယူခံဝင်ပါမယ်။