နိုဝင်ဘာ ၂၄၊ ၂၀၂၀
ရုရှား
ရုရှားတရာရုံးက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်ကို ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်
၂၀၂၀၊ နိုဝင်ဘာ ၂၄ ရက်မှာ ကမ်ချက်စကီဒေသ၊ ပီထရိုဗလို့ ကမ်ချာစကီမြို့ တရားရုံးက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်ရဲ့ အမှုကို စီရင်ချက် ချလိုက်ပါတယ်။ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်၊ ကန့်သတ်ချက်နဲ့ နေရမယ့်ကာလ သုံးနှစ်ဆိုပြီး ချမှတ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာ သူ ထောင်ထဲ ဝင်စရာ မလိုပါဘူး။
အမှုကြားနာတဲ့ နောက်ဆုံးနေ့မှာ ဆာဂေးက ယေဟောဝါသက်သေ ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကို သတ္တိရှိရှိ ရှင်းပြတယ်။ “ယေဟောဝါဆိုတာ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ ယုံကြည်ခြင်းတစ်မျိုးရဲ့ နာမည် မဟုတ်ပါဘူး။ ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ပါ။ ကျမ်းစာထဲက ဟေရှာယကျမ်းမှာ ယေဟောဝါက မိမိကို သစ္စာရှိရှိ ဝတ်ပြုသူတွေကို ‘ငါ့သက်သေ” လို့ ခေါ်ထားတယ်။ ဒီစကားတွေကို အခြေခံပြီး ၁၉၃၁ ခုနှစ်၊ အစည်းအဝေးကြီးတစ်ခုမှာ “ယေဟောဝါသက်သေ” ဆိုတဲ့ နာမည်ကို ခံယူခဲ့ကြတယ်။ ဒီနာမည်က ဘုရားသခင့်သက်သေ ဖြစ်ခြင်း တာဝန်ကို အမှတ်ရစေတယ်။ ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ စကြဝဠာ အချုပ်အခြာ အာဏာပိုင်ရှင်အကြောင်း၊ လူတွေအတွက် ဘုရားရဲ့ အံ့ဖွယ်ရည်ရွယ်ချက်အကြောင်း တခြားသူတွေကို ပြောပြဖို့ပါ။ ဒါဟာ ယုံကြည်သူတွေနဲ့ ကျွန်တော့်အတွက် အင်မတန် ဂုဏ်ယူစရာ ဖြစ်ပါတယ်။”—ဟေရှာယ ၄၃:၁၀။
တရားရုံးမှာ ဆာဂေးက “ကျွန်တော် ရာဇဝတ်မှု ကျူးလွန်ခဲ့တာ မဟုတ်လို့ ရှက်စရာအကြောင်း လုံးဝ မရှိဘူး။ ဘုရားသခင်ရှေ့၊ လူတွေရှေ့မှာ ကျွန်တော့်သိစိတ် ကြည်လင်နေတယ်” လို့ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုခဲ့တယ်။