မာတိကာဆီ ကျော်သွား

ညီအစ်ကို ယေ့ဂျနီ ဖီဒင်နဲ့ ဆာဂေး လိုဂျီနို့

မေ ၂၊ ၂၀၁၉
ရုရှား

ရုရှားတရားရုံးက ဆူဂတ်မြို့မှာ ထောင်ကျနေတဲ့ ညီအစ်ကိုနှစ်ယောက်ကို လွှတ်ပေး

ရုရှားတရားရုံးက ဆူဂတ်မြို့မှာ ထောင်ကျနေတဲ့ ညီအစ်ကိုနှစ်ယောက်ကို လွှတ်ပေး

ဆူဂတ်မြို့ တရားရုံးက စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ထောင်ချထားတဲ့ ညီအစ်ကို ယေ့ဂျနီ ဖီဒင်၊ ဆာဂေး လိုဂျီနို့ကို ၂၀၁၉၊ ဧပြီ ၉ ရက်နေ့မှာ လွှတ်ပေးဖို့ စီရင်ဆုံးဖြတ်လိုက်ပါတယ်။ ရုရှားအာဏာပိုင်တွေရဲ့ ဆက်ချုပ်နှောင်ထားဖို့ တောင်းဆိုချက်ကို ပယ်ချလိုက်ခြင်း ဖြစ်တယ်။ ရာဇဝတ်မှုနဲ့ တရားစွဲဆိုမှုကို ညီအစ်ကိုနှစ်ယောက် ဆက်ရင်ဆိုင်ရမှာ ဖြစ်ပေမဲ့ ဧပြီ ၁၁ ရက်နေ့မှာ အကျဉ်းထောင်ကနေ လွတ်လာကြပြီ။

ဆူဂတ်မြို့က အိမ်တွေကို ဝင်ရောက်စီးနင်းတဲ့ ၂၀၁၉၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက ညီအစ်ကို ဖီဒင်နဲ့ လိုဂျီနို့တို့ ဖမ်းဆီးခံထားရတယ်။ အဲဒီနောက် အာဏာပိုင်တွေက ယေဟောဝါသက်သေ ၁၉ ယောက်ကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုကြတယ်။ သူတို့ထဲက သုံးယောက်၊ ညီအစ်ကို ယေ့ဂျနီ၊ ဆာဂေးနဲ့ အာသာ ဆဗာရင်ချီကို ချုပ်နှောင်ထားဖို့ အမိန့်ချလိုက်တယ်။ အာသာကို မတ် ၁၅ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။

ဝင်ရောက်စီးနင်းပြီး စုံစမ်းစစ်ဆေးချိန်မှာ ရဲတွေက ညီအစ်ကို လိုဂျီနို့အပါအဝင် ညီအစ်ကို ခုနစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြတယ်။ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။ ဒီအမှုကို သုံးသပ်နေဆဲဖြစ်ပါတယ်။

ရုရှားက သစ္စာရှိ ညီအစ်ကို/မတွေကို ဘုရား ဆက်ခွန်အားပေးဖို့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ အရေးယူလုပ်ဆောင်မယ်လို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၀:၁၇