မာတိကာဆီ ကျော်သွား

၂၀၂၀၊ ဖေဖော်ဝါရီ ၁၄
ရုရှား

ရုရှားတရားရုံးက ညီအစ်ကိုနဲ့ ညီအစ်မ ပိုပို့ဗ်ကို စီရင်ချက် ချပြီး ဒဏ်ငွေရိုက်

ရုရှားတရားရုံးက ညီအစ်ကိုနဲ့ ညီအစ်မ ပိုပို့ဗ်ကို စီရင်ချက် ချပြီး ဒဏ်ငွေရိုက်

၂၀၂၀၊ ဖေဖော်ဝါရီ ၁၄ မှာ ဗစ်လုချန့်မြို့ တရားရုံးက ညီအစ်ကို မီခေးလ် ပိုပို့ဗ်နဲ့ ဇနီး ယေလီနာ ပိုပို့ဗ်ကို စီရင်ချက် ချလိုက်တယ်။ ရူဘယ် ၃၅၀,၀၀၀ (ယူအက်စ် ဒေါ်လာ ၅,၅၀၈) နဲ့ ရူဘယ် ၃၀၀,၀၀၀ (ယူအက်စ် ဒေါ်လာ ၄,၇၂၂) အသီးသီး ဒဏ်ငွေ ရိုက်ပေမဲ့ ထောင်ဒဏ် မချမှတ်ဘူး။ ဒီစီရင်ချက်အတွက် နှစ်ဦးစလုံး အယူခံဝင်ကြပါမယ်။

၂၀၁၈၊ ဇူလိုင်မှာ မီခေးလ်နဲ့ ယေလီနာတို့ အဖမ်းခံရတယ်။ သိပ်မကြာခင် ပြန်လွှတ်လာပြီး အမှုရင်ဆိုင်ဖို့ စောင့်ဆိုင်းခဲ့ရတယ်။

၂၀၁၉ ကစပြီး ရုရှားတရားရုံးတွေက ယေဟောဝါသက်သေ ၂၈ ဦးကို ယုံကြည်ချက်အတွက် စီရင်ချက် ချခဲ့တယ်။ သူတို့အနက် ညီအစ်ကို/မ ဆယ်ဦးကို လွန်ခဲ့တဲ့ နှစ်လအတွင်း စီရင်ချက် ချခဲ့တယ်။ ဒါပေမဲ့ လောလောဆယ် ထောင်မချဘူး။