မာတိကာဆီ ကျော်သွား

တရားရုံးစီရင်ချက်ချအပြီး ညီအစ်ကို ခါဆန် ကိုဂတ်၊ ဇနီး ရီကက်သရီနာ

စက်တင်ဘာ ၁၀၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ခါဆန် ကိုဂတ်ကို ပြစ်ဒဏ်ချမှတ်

ရုရှားတရားရုံးက ညီအစ်ကို ခါဆန် ကိုဂတ်ကို ပြစ်ဒဏ်ချမှတ်

၂၀၂၀၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ ကင်မရိုဗိုဒေသ၊ ဘီရီဇို့စကီမြို့ တရားရုံးက ညီအစ်ကို ခါဆန် ကိုဂတ်ကို ပြစ်ဒဏ်စီရင်ချက် ချလိုက်ပါတယ်။ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်ပါတယ်။ ထောင်ထဲနေစရာ မလိုဘဲ ဇနီးနဲ့ ရှစ်နှစ်အရွယ် သားငယ်တို့နဲ့ မခွဲအတူနေနိုင်မှာဖြစ်လို့ ညီအစ်ကို ကိုဂတ် ကျေနပ်ပါတယ်။