မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၃၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ခါဆန် ကိုဂတ်ရဲ့ အယူခံကို ပယ်ချ

ရုရှားတရားရုံးက ညီအစ်ကို ခါဆန် ကိုဂတ်ရဲ့ အယူခံကို ပယ်ချ

၂၀၂၀၊ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကင်မရိုဗို ခရိုင်တရားရုံးက ညီအစ်ကို ခါဆန် ကိုဂတ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ့ရဲ့ မူလပြစ်ဒဏ် ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲက အတည်ဖြစ်သွားပါပြီ။ အခုအချိန်မှာတော့ ထောင်ထဲ သွားစရာ မလိုဘူး။

ခါဆန်ဟာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံသားအဖြစ် မှတ်တမ်းဝင်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ပေမဲ့ သစ္စာစောင့်သိခဲ့တယ်၊ ယေဟောဝါဘုရားရဲ့ မျက်နှာသာ ရတယ် ဆိုတဲ့ အသိကြောင့် နှစ်သိမ့်မှု ခံစားရပါတယ်။ ခါဆန်နဲ့ ဇနီး ရီကက်သရီနာ၊ ရှစ်နှစ်သား တီမိုဖေတို့ဟာ မိသားစုလိုက် ယေဟောဝါကို ဆက်ဝတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

၂၀၂၀၊ စက်တင်ဘာ ၁၀ ရက်နေ့၊ တရားရုံးမှာ နောက်ဆုံး ထွက်ဆိုခဲ့တုန်းက ခါဆန် ဒီလို သတ္တိရှိရှိ ပြောခဲ့တယ်– “ယေဟောဝါအပေါ် ကျွန်တော်ရဲ့ ယုံကြည်ခြင်းကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းတာကို ရာဇဝတ်မှုအဖြစ် ကျွန်တော် ယူဆတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ခံယူချက်ပဲ။ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်စေ၊ ‘သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်လာမယ့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဖန်ဆင်းရာတွေဖြစ်စေ ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း ကျွန်တော် တထစ်ချ ယုံတယ်။’”—ရောမ ၈:၃၈၊ ၃၉