ဒီဇင်ဘာ ၂၂၊ ၂၀၂၀
ရုရှား
ရုရှားတရားရုံးက ညီအစ်ကို ဆင်မ်ယွန် ဘေးဘက်ကို ဆိုင်းငံ့ ထောင်ဒဏ်ချမှတ်
၂၀၂၀၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ရော့စတို့ဗ် အော်န်ဒွန်မြို့၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ဆင်မ်ယွန် ဘေးဘက်ကို ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်လိုက်ပါတယ်။ အခုချိန်မှာ ထောင်ထဲ သွားစရာ မလိုဘူး။
တရားရုံးမှာ နောက်ဆုံး လျှောက်လဲချက်ပေးချိန် ညီအစ်ကို ဆင်မ်ယွန်က နာမည်ကြီး ရုရှားလူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးရဲ့ “ယေဟောဝါသက်သေတွေဟာ နှိပ်စက်ခံနေရပေမဲ့ ပြုံးနေကြတယ်” ဆိုတဲ့ စကားကို ကိုးကားပြီး “အဲဒီစကားက မှန်တယ်။ ကျွန်တော် ဝမ်းလည်း မနည်းဘူး၊ ဒေါသလည်း မဖြစ်ဘူး” လို့ ပြောပြီးတော့ သူကိုယ်တိုင်နဲ့ ရုရှားက သက်သေခံတွေနဲ့ သက်ဆိုင်နေတဲ့ “ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရ ဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။ ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ စွန့်ပစ်မခံရပါဘူး။ အထိုးခံရလို့ လဲကျပေမဲ့ ဇာတ်သိမ်းမသွားပါဘူး” ဆိုတဲ့ ၂ ကောရိန္သု ၄:၈၊ ၉ ကို ဖတ်ပြခဲ့တယ်။