မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဇန်နဝါရီ ၁၉
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်ရဲ့ အယူခံကို ပယ်ချ

ရုရှားတရားရုံးက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်ရဲ့ အယူခံကို ပယ်ချ

၂၀၂၁၊ ဇန်နဝါရီ ၁၉ ရက်မှာ ကမ်ချက်ကာ ဒေသ တရားရုံးက ညီအစ်ကို ဆာဂေး လီဒန်ယို့ဗ်ရဲ့ အယူခံကို ပယ်ချခဲ့ပါတယ်။ ဒါကြောင့် တရားရုံးက ချမှတ်ထားတဲ့ မူလပြစ်ဒဏ် ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ် ကျခံရတော့မှာ ဖြစ်တယ်။ လောလောဆယ် ထောင်ထဲ သွားစရာ မလိုဘူး။

တရားရုံးက အယူခံကို ပယ်ချကြောင်း မထုတ်ပြန်ခင် ဆာဂေးကို စကားပြောခွင့် ပေးတယ်။ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ချက်နဲ့ ယုံကြည်ချက်ကို သတ္တိရှိရှိ ပြောခဲ့တယ်။ သူက “ကျွန်တော့် ယုံကြည်ချက်က အဖွဲ့အစည်း တစ်ခုခုရဲ့ ပညတ်တွေကို မဟုတ်ဘဲ ကျမ်းစာကို အခြေခံတယ်။ ဥပမာ၊ ‘အိမ်ဆိုတာ တည်ဆောက်တဲ့သူ ရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ၊’ သူ့ရဲ့ ‘နာမတော်ဟာ ယေဟောဝါပဲ။’ (ဟီဘရူး ၃:၄။ ထွက်မြောက်ရာ ၁၅:၃) အဲဒီစကားတွေကို ကျမ်းစာထဲကနေ၊ ကျွန်တော့်ရဲ့ နှလုံးသားထဲကနေ ဘယ်စီရင်ချက်ကမှ ဖျက်ပစ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောတယ်။