မာတိကာဆီ ကျော်သွား

ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်

အောက်တိုဘာ ၂၈၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ဘဇာနို့ဗ်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ငြင်းဆို

ရုရှားတရားရုံးက ညီအစ်ကို ဘဇာနို့ဗ်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ငြင်းဆို

၂၀၂၀၊ အောက်တိုဘာ ၂၈ မှာ အူလီယနာ့ဒေသ၊ ဒီမီထရို့ဗ်ဂါ့မြို့ တရားရုံးက ညီအစ်ကို ကွန်စတန်တင် ဘဇာနို့ဗ်ကို ထောင်ကနေ စောစီးစွာ လွှတ်ပေးဖို့ ငြင်းဆိုလိုက်ပါတယ်။ ကျန်ထောင်ဒဏ်ကိုတော့ ဒဏ်ငွေတပ်လိုက်တယ်။ အယူခံဝင်ဖို့ ဆယ်ရက် အချိန်ရပါတယ်။

၂၀၁၈၊ ဇွန်လမှာ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ခံရချိန်က ညီအစ်ကို ဘဇာနို့ဗ် ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ကျမ်းပိုဒ်တွေကို မှတ်စုစာအုပ်မှာ ချရေးတယ်။ ကျမ်းပိုဒ် ၅၀၀ လောက် မှတ်မိပြီး ချရေးနိုင်ခဲ့တယ်။ နောက်တော့ ကျမ်းစာအုပ် လက်ခံရရှိပြီး လေးလအတွင်း ဖတ်တယ်။ ကျမ်းစာထဲက အားရှိစရာတွေကို စာရေးဝေမျှတယ်။ ဘုရားကို ချီးမွမ်းသီချင်းတွေလည်း သီဆိုတယ်။ ယေဟောဝါဆီ အမြဲ ဆုတောင်းအသနားခံတယ်။

ညီအစ်ကို ဘဇာနို့ဗ်ဟာ အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ရက်ပေါင်း ၃၄၀ ကျော် ဖမ်းချုပ်ခံထားရတယ်။ ၂၀၁၉၊ စက်တင်ဘာလမှာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရပြီး ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခံရတယ်။ အဲဒီမှာ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ဆောင်တယ်။ ညီအစ်ကို ဘဇာနို့ဗ်ဟာ ယေဟောဝါရဲ့ ကူညီမှုကြောင့် ထောင်မှာပဲ အောက်မေ့ရာပွဲ ကျင်းပနိုင်ခဲ့တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေအောင် ကြိုးစားတဲ့အတွက် နှိပ်စက်ညှဉ်းပန်းမှုကို ဝမ်းမြောက်စွာ ခံရပ်နိုင်ခဲ့တယ်။ ညီအစ်ကို ဘဇာနို့ဗ်အတွက် ဆက်ဆုတောင်းပေးကြရအောင်။