မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၂၄၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို မာကင်နဲ့ ထရိုဖီမို့ကို ထောင်ဒဏ် မဟုတ်ဘဲ ဒဏ်ငွေ ချမှတ်

ရုရှားတရားရုံးက ညီအစ်ကို မာကင်နဲ့ ထရိုဖီမို့ကို ထောင်ဒဏ် မဟုတ်ဘဲ ဒဏ်ငွေ ချမှတ်

မူမန်ပြည်နယ် ပေါ်ယာနီ ခရိုင်တရားရုံးက ညီအစ်ကို ရိုမန် မာကင်နဲ့ ဗစ်တာ ထရိုဖီမို့ရဲ့ အမှုကို ၂၀၂၀၊ ဇန်နဝါရီ ၂၄ ရက်နေ့မှာ စီရင်ချက် ချလိုက်တယ်။ သူတို့နှစ်ယောက် ရူဘယ် ၃၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၈၅၈)၊ ရူဘယ် ၃၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၆၆၈) အသီးသီး ဒဏ်ငွေတပ်ခံရပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ ညီအစ်ကိုတွေကို ပြစ်ဒဏ်ကျခံရလို့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ကြပေမဲ့ သူတို့ ထောင်ထဲမှာ မနေရတဲ့အတွက် ဝမ်းသာပါတယ်။