မာတိကာဆီ ကျော်သွား

အပြီးသတ်ကြားနာမှုတစ်ခုမှာ ညီအစ်ကို ဗာလေရီ မာစကာလန်ကာကို တရားရုံး အချုပ်ခန်းထဲမှာ တွေ့ရစဉ်

ဩဂုတ် ၃၀၊ ၂၀၁၉
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို မာစကာလန်ကာရဲ့ အမှုကို နောက်အပတ်မှာ စီရင်ချက် ချပါမယ်

ရုရှားတရားရုံးက ညီအစ်ကို မာစကာလန်ကာရဲ့ အမှုကို နောက်အပတ်မှာ စီရင်ချက် ချပါမယ်

ရာဇဝတ်မှုအဖြစ် တရားစွဲဆိုခံထားရတဲ့ အသက် ၅၂ နှစ်အရွယ် ညီအစ်ကို ဗာလေရီ မာစကာလန်ကာရဲ့ အမှုကို ခါဘာရော့စ်မြို့၊ ရှလက်ဇနာ ဒရော်ဇက်ဇနီ ခရိုင်တရားရုံး တရားသူကြီး အိုင်ဗန် ဘေလစ်က ၂၀၁၉၊ စက်တင်ဘာ ၂ ရက်နေ့မှာ စီရင်ချက် ချပါမယ်။

ညီအစ်ကို မာစကာလန်ကာဟာ ၂၀၁၈၊ ဩဂုတ် ၂ ရက် နံနက်မှာ ဖယ်ဒရယ် လုံခြုံရေးဌာန (FSB) နဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ သူ့အိမ်ကို ဝင်ရောက်စီးနင်းပြီး ဖမ်းသွားကတည်းက စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ခံထားရတယ်။ ရဲတွေက ညီအစ်ကို မာစကာလန်ကာကို မဖမ်းဆီးခင် နေအိမ်ကို ငါးနာရီလောက် ရှာဖွေခဲ့ကြတယ်။ စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ထောင်ထဲမှာ တစ်နှစ်ကျော် နေခဲ့ရပြီဖြစ်လို့ ညီအစ်ကို ဒဲနစ္စ ခရစ်တန်ဆန်ရဲ့ အမှုလိုပဲ အပြစ်ရှိကြောင်း စီရင်ချက်ချပြီး ထောင်ချလိုက်မှာကို စိုးရိမ်စရာ ရှိပါတယ်။

၂၀၁၈၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မာစကာလန်ကာနဲ့ ရုရှားအမှု တိုင်စာကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံး (ECHR) ထံ တင်လိုက်တယ်။ ရုရှားနဲ့ပတ်သက်ပြီး ECHR ထံ တိုင်စာ ၅၀ ကျော်တင်ထားပါတယ်။ အဲဒီထဲက ၃၄ စောင်နဲ့ပတ်သက်ပြီး ရုရှားအစိုးရကို အကြောင်းပြန်ပြီးဖြစ်တယ်။

“ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆင်းရဲခက်ခဲမှုတွေ ခံနေရတာတောင် ခံနိုင်ရည်နဲ့ ယုံကြည်ခြင်းကို တင်ပြတဲ့အတွက်” ရုရှားက ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ သိပ်ဂုဏ်ယူပါတယ်။ ယေဟောဝါ သူတို့ကို ထောက်မပေးနေတယ်၊ ကောင်းချီးပေးနေတယ်ဆိုတာ ရှင်းနေပါတယ်။ ညီအစ်ကို မာစကာလန်ကာရဲ့အမှု နောက်အပတ် စီရင်ချက်က ဘယ်လိုပဲဖြစ်ပါစေ ရွှင်လန်းဝမ်းမြောက်စွာ ခံရပ်နိုင်အောင် လိုအပ်တဲ့ ခွန်အားကို ယေဟောဝါ ဆက်ပေးသနားဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၂ သက်သာလောနိတ် ၁:၄