မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၆၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ယူရီ ဆေ့လီယက်ဖ်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်

ရုရှားတရားရုံးက ညီအစ်ကို ယူရီ ဆေ့လီယက်ဖ်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်

၂၀၂၀၊ ဒီဇင်ဘာ ၁၆ ရက်မှာ နိုဗိုဆာဘီရိခ်ဒေသ၊ လီနင်စကီ ခရိုင်တရားရုံးက ညီအစ်ကို ယူရီ ဆေ့လီယက်ဖ်ကို ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ ညီအစ်ကို ယူရီကတော့ သစ္စာရှိရှိ ခံရပ်နေပါတယ်။ ကျမ်းစာပရောဖက်ပြုချက်တွေကို လေ့လာရင်း ရဲစွမ်းသတ္တိရှိနေပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့မှာ အမှုကြားနာပြီးတဲ့နောက် တရားရုံးလာရောက်သူတွေကို ညီအစ်ကို ယူရီ ဒီလိုရဲရဲဝံ့ဝံ့ သက်သေခံတယ်– “ယေရှုခရစ်ရဲ့ ပရောဖက်ပြုချက်တစ်ခု လောလောဆယ် ခင်ဗျားတို့ရှေ့မှာကို ပြည့်စုံနေပြီ။ သမ္မာကျမ်းစာထဲက မာကု ၁၃:၉ မှာ ပါတဲ့ ပရောဖက်ပြုချက်ပါ။ အဲဒီမှာ ‘ခင်ဗျားတို့ သတိရှိကြပါ။ လူတွေက ခင်ဗျားတို့ကို တရားရုံး ပို့လိမ့်မယ်။ ကျွန်တော့်ကြောင့် ခင်ဗျားတို့ကို တရားဇရပ်တွေမှာ ရိုက်နှက်ပြီး ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့လိမ့်မယ်။ ဒီနည်းနဲ့ သူတို့ကို သက်သေခံခွင့် ရလိမ့်မယ်’ လို့ ကြိုပြောထားတယ်။”