အောက်တိုဘာ ၇၊ ၂၀၂၀
ရုရှား
ရုရှားတရားရုံးက ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ် အပြစ်မရှိကြောင်း စီရင်ချက်ချ
၂၀၂၀၊ အောက်တိုဘာ ၇ မှာ ကဘာဒီနို ဘာလ်ကားရီးယားဒေသ၊ မာစကီခရိုင် တရားရုံးက ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ်ကို အပြစ်မရှိကြောင်း စီရင်ပြီး အမှုကနေ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်။ အစိုးရရှေ့နေ အယူခံဝင်ဖို့ အချိန် ဆယ်ရက် ရတယ်။
အစိုးရရှေ့နေက ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ်ကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်အောင် တခြားသူတွေကို သွေးထိုးလှုံ့ဆော်မှုနဲ့ စွဲချက်တင်ခဲ့တာပါ။ ဒါပေမဲ့ ကျမ်းစာဖတ်ဖို့၊ လူအားလုံးကို မေတ္တာထားဖို့ အားပေးခြင်းသာ ဖြစ်ကြောင်း သက်သေထွက်ဆိုသူ ၃၀ ကျော် ရှိတယ်။
ယေဟောဝါသက်သေတွေဟာ ဘယ်အကြမ်းဖက်မှုမျိုးကိုမှ မကျူးလွန်ကြောင်း၊ အားပေးအားမြှောက် မလုပ်ကြောင်း အတည်ပြုလိုက်တဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ယူအဲန်လုပ်ငန်းအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီး “အပြစ်မရှိ” လို့ တရားရုံးက စီရင်လိုက်တာပါ။
စီရင်ချက် ကြေညာပြီးနောက် ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ် အခုလိုပြောတယ်- “ကျွန်တော့် မိသားစုနဲ့ မိတ်ဆွေတွေက အဆိုးဆုံးအတွက် ပြင်ဆင်ထားပါတယ်။ အမှုကြားနာစစ်ဆေးချိန်မှာ သိပ်စိတ်ဖိစီးမှု မဖြစ်လို့ ယေဟောဝါကို ကျေးဇူးတင်တယ်။ ကျွန်တော် အပြစ်မရှိကြောင်း ခုခံပေးသူအားလုံးကို သိပ်ကျေးဇူးတင်တယ်။ သိပ်ပျော်တယ်။”