မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၈၊ ၂၀၂၀
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို ယေ့ဂျနီ စပရင်းကို ဒေါ်လာ ၆,၉၀၀ ကျော် ဒဏ်ငွေတပ်

ရုရှားတရားရုံးက ညီအစ်ကို ယေ့ဂျနီ စပရင်းကို ဒေါ်လာ ၆,၉၀၀ ကျော် ဒဏ်ငွေတပ်

အိုင်ဗန်နိုပြည်နယ်၊ ဖာမန်နို့ဗ်စကီမြို့ တရားရုံးက ညီအစ်ကို ယေ့ဂျနီ စပရင်းကို ၂၀၂၀၊ ဇူလိုင် ၂၈ ရက်မှာ စီရင်ချက် ချလိုက်တယ်။ ထောင်ဒဏ် ခုနစ်နှစ် ကျခံစေဖို့ အစိုးရရှေ့နေက တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ တရားရုံးက ရူဘယ် ၅၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၆,၉၂၀) ဒဏ်ငွေပေးဖို့ စီရင်ချက် ချလိုက်တာ ဖြစ်တယ်။ ဒီစီရင်ချက်အတွက် ညီအစ်ကို စပရင်း အယူခံဝင်ပါမယ်။