အောက်တိုဘာ ၂၃၊ ၂၀၂၀
ရုရှား
ရုရှားတရားရုံးက ညီအစ်ကို အနာတိုလီ တိုကရိဗ်ကို ပြစ်ဒဏ် ချမှတ်
နောက်ဆုံးအချက်အလက် | ရုရှား တရားရုံးချုပ်က အယူခံကို ပယ်ချ
၂၀၂၁၊ နိုဝင်ဘာ ၃၀ မှာ ဆဋ္ဌမအဆင့် ပြည်သူ့ခုံရုံးက ညီအစ်ကို အနာတိုလီ တိုကရိဗ်ရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ သူ့ကို ဒဏ်ငွေတပ်တဲ့ ပြစ်ဒဏ် အတည်ဖြစ်သွားပါပြီ။
၂၀၂၀၊ အောက်တိုဘာ ၂၃ မှာ ကီရို့ဗ်မြို့၊ အက်ယာဘာစကီ ခရိုင် တရားရုံးက အနာတိုလီကို ပြစ်ဒဏ်ချမှတ်ပြီး ရူဘယ် ၅၀၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၆,၅၅၂) ဒဏ်ငွေ တပ်လိုက်ပါတယ်။ အယူခံဝင်ဖို့ အချိန် ဆယ်ရက် ရပါတယ်။
တရားရုံးမှာ နောက်ဆုံး ထွက်ဆိုတဲ့အခါ ညီအစ်ကို တိုကရိဗ် အခုလို ပြတ်ပြတ်သားသား ဆိုတယ်- “ဒီရာဇဝတ်မှုနဲ့ပတ်သက်ပြီး ရဲတွေက ‘ခင်ဗျားရဲ့ ယုံကြည်ခြင်းကို စွန့်ရင်စွန့်၊ မစွန့်ရင်တော့ လူသိရှင်ကြား ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပဲ’ လို့ ပြောကြတယ်။ . . . လေးစားအပ်ပါသော တရားသူကြီးခင်ဗျား၊ အမှုကြားနာတဲ့ ပထမနေ့မှာ ပြောခဲ့တဲ့အတိုင်း အခုလည်း ကျွန်တော် ထပ်ပြောပါမယ်။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကို မစွန့်နိုင်ပါဘူး။ . . . ဒီအတွက် ထောင်ချခံရတာ၊ အသက်သေဆုံးရတာက ယေဟောဝါသက်သေတစ်ယောက်အတွက် ကြောက်စရာ၊ အစွန်းရောက်သမားဆိုတဲ့ နာမည်ပျက်စာရင်း ဝင်သွားနိုင်စရာအကြောင်း ရှိပါတယ်။ လေးစားအပ်ပါသော တရားသူကြီးခင်ဗျား၊ ကျွန်တော်ကတော့ ဘုရားသခင်အပေါ် ထားတဲ့ ယုံကြည်ခြင်းကို စွန့်ပြီး ဘုရားရဲ့ မေတ္တာ အဆုံးရှုံးမခံနိုင်ပါဘူး။”