မာတိကာဆီ ကျော်သွား

အလက်စန်ဒါနဲ့ အယ်နာ ဆလိုဗီယေ့

ဇူလိုင် ၅၊ ၂၀၁၉
ရုရှား

ရုရှားတရားရုံးက ညီအစ်ကို အလက်စန်ဒါ ဆလိုဗီယေ့ကို ပြစ်ဒဏ်စီရင်ချက်ချ

ရုရှားတရားရုံးက ညီအစ်ကို အလက်စန်ဒါ ဆလိုဗီယေ့ကို ပြစ်ဒဏ်စီရင်ချက်ချ

ရုရှားနိုင်ငံ၊ ပမ်မြို့၊ အော်ဒဟိုနီကီဒေ့ဗက်စကီ ခရိုင်တရားရုံးက ညီအစ်ကို အလက်စန်ဒါ ဆလိုဗီယေ့ကို ရာဇဝတ်ပြစ်မှုနဲ့ ရုရှားငွေ ရူဘယ် ၃၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၄,၇၃၁) ဒဏ်ငွေဆောင်ဖို့ ၂၀၁၉၊ ဇူလိုင် ၄ ရက်၊ ကြာသပတေးနေ့မှာ စီရင်ချက်ချလိုက်တယ်။

ညီအစ်ကို ဆလိုဗီယေ့နဲ့ ဇနီး အယ်နာဟာ ခရီးထွက်ရာကနေ အိမ်အပြန် ရထားဘူတာရုံမှာ ၂၀၁၈၊ မေ ၂၂ ရက် ညနေတုန်းက အဖမ်းခံခဲ့ရတယ်။ ရဲတွေက ညီအစ်ကို ဆလိုဗီယေ့ကို လက်ထိတ်ခတ်ပြီး အချုပ်ခန်းမှာ ထားတယ်။ ညီအစ်မ ဆလိုဗီယေ့ကိုတော့ ကား နောက်တစ်စီးနဲ့ ရဲစခန်း ခေါ်သွားတယ်။ ရဲတွေက သူတို့ တိုက်ခန်းကို တစ်ညလုံး ရှာဖွေပြီး ဓာတ်ပုံတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေ၊ ကျမ်းစာအုပ်တွေကို သိမ်းယူသွားကြတယ်။

မေးခွန်းတချို့ မေးပြီးနောက် ညီအစ်မ ဆလိုဗီယေ့ကို တရားမစွဲဘဲ လွှတ်ပေးလိုက်တယ်။ ညီအစ်ကို ဆလိုဗီယေ့ကိုတော့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုဖို့ မေးမြန်းစစ်ဆေးမှုတွေ လုပ်ကြတယ်။ မေ ၂၄ ရက်နေ့မှာ အကျယ်ချုပ် ချလိုက်ပြီး ၂၀၁၈၊ နိုဝင်ဘာ ၁၉ ရက်နေ့အထိ အကျယ်ချုပ်နဲ့ နေခဲ့ရတယ်။ စစ်ဆေးမှုခံယူဖို့ စောင့်ဆိုင်းနေချိန်မှာ အာဏာပိုင်တွေက ညီအစ်ကိုရဲ့ လှုပ်ရှားသွားလာမှုတွေကို ကန့်သတ်ထားကြတယ်။

ညီအစ်ကို ဆလိုဗီယေ့ရဲ့ ရှေ့နေတွေက ပြစ်ဒဏ်အတွက် အယူခံဝင်ပါမယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ (WGAD) ထံလည်း တိုင်ကြားစာ တင်ထားပါတယ်။

ရုရှားနဲ့ တခြားနိုင်ငံတွေမှာ ညှဉ်းပန်းနှိပ်စက်မှု ပိုများလာပေမဲ့ ကျွန်တော်တို့ဟာ ဆန့်ကျင်သူတွေကို “လုံးဝ မကြောက်” ကြပါဘူး။ ကယ်တင်ခံရမယ့်နေ့ ရောက်တဲ့အထိ ကျွန်တော်တို့အားလုံး လိုအပ်တဲ့ ခံနိုင်ရည်ကို ယေဟောဝါ ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဖိလိပ္ပိ ၁:၂၈