မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၁၅
ရုရှား

ရုရှားတရားရုံးက ညီအစ်မ စဗယ်လာနာ မိုနစ်ကို ယုံကြည်ချက်ကြောင့် ဒဏ်ငွေ ချမှတ်

ရုရှားတရားရုံးက ညီအစ်မ စဗယ်လာနာ မိုနစ်ကို ယုံကြည်ချက်ကြောင့် ဒဏ်ငွေ ချမှတ်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက ညီအစ်မ စဗယ်လာနာ မိုနစ်ကို ပိတ်ပင်ထားတဲ့ အဖွဲ့အစည်း လုပ်ဆောင်မှုတွေမှာ ပါဝင်လို့ အပြစ်ရှိတယ်လို့ စီရင်ပြီး ဒဏ်ငွေ ရူဘယ် ၁၀၀၀၀ (ယူအက်စ် ဒေါ်လာ ၁၃၅) ချမှတ်တယ်။

နောက်ဆုံးအကြိမ် ထွက်ဆိုချိန်မှာ ယုံကြည်ချက်အကြောင်း သတ္တိရှိရှိ ခုခံပြောဆိုတယ်။ “သခင် ယေရှုခရစ်ရဲ့ နာမ၊ အဖခမည်းတော် ယေဟောဝါဘုရားရဲ့ နာမကြောင့် . . . ဒီရုံးတော်ရှေ့ ကျွန်မ ရောက်နေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ၁ ပေတရု ၄:၁၄-၁၆ မှာ ‘ခရစ်တော်ရဲ့ နာမည်ကြောင့် ကဲ့ရဲ့ခံရတယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့တယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ခင်ဗျားတို့အပေါ် ဘုရားသခင့် စွမ်းအားတော်ရဲ့ ဘုန်းအသရေ သက်ရောက်နေလို့ပဲ။ လူသတ်လို့၊ ခိုးလို့၊ အမှားလုပ်လို့၊ သူတစ်ပါးကိစ္စမှာ ဝင်ပါလို့ ဒုက္ခကြုံရတာမျိုးတော့ မဖြစ်ပါစေနဲ့။ ခရစ်ယာန် ဖြစ်လို့ ဆင်းရဲဒုက္ခ ကြုံရတယ်ဆိုရင် မရှက်ပါနဲ့။ ခရစ်ယာန်အဖြစ် အသက်ဆက်ရှင်ရင်းနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို အမြဲ ချီးမွမ်းနေလိုက်ပါ’ လို့ ပြောထားတယ်။”