မာတိကာဆီ ကျော်သွား

ဧပြီ ၂၂၊ ၂၀၂၁
ရုရှား

ရုရှားတရားရုံးက ညီအစ်မ ရီနို ချဲနိရှိုဗာရဲ့ အယူခံကို ပယ်ချ

ရုရှားတရားရုံးက ညီအစ်မ ရီနို ချဲနိရှိုဗာရဲ့ အယူခံကို ပယ်ချ

၂၀၂၁၊ ဧပြီ ၂၂ ရက်မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ညီအစ်မ ယယ်လီနာ ရီနို ချဲနိရှိုဗာရဲ့ အယူခံကို ပယ်ချလိုက်တယ်။ အစိုးရ ရှေ့နေရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး ယယ်လီနာရဲ့ မူလပြစ်ဒဏ် ရူဘယ် ၁၀,၀၀၀ (ယူအက်စ်ဒေါ်လာ ၁၃၅) ဒဏ်ငွေ ပေးဆောင်စေမယ့်အစား ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်လိုက်တယ်။ ဒီတစ်ကြိမ် ထောင်ထဲဝင်စရာ မလိုပါဘူး။