အောက်တိုဘာ ၉၊ ၂၀၂၀
ရုရှား
ရုရှားတရားရုံးက လူငယ်မောင်နှံတစ်စုံကို ဆိုင်းငံ့ထောင်ဒဏ် ချမှတ်
၂၀၂၀၊ အောက်တိုဘာ ၉ ရက်မှာ ကော့ထရိုမာမြို့၊ ဆဗတ်လို့စကီ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ရေမန်၊ ဇနီး ဗလာရီယာတို့ရဲ့ အမှုကို စီရင်ချက် ချလိုက်ပါတယ်။ သူတို့ကို ဆိုင်းငံ့ထောင်ဒဏ် ရှစ်နှစ်နဲ့ ခုနစ်နှစ်စီ အသီးသီး ချမှတ်လိုက်ပါတယ်။ ၂၀၁၇ ရုရှားတရားရုံးချုပ် စီရင်ချက် ချလိုက်ချိန်ကစပြီး ညီအစ်ကို/မတွေ ကြုံရတဲ့ အရှည်ဆုံး ဆိုင်းငံ့ထောင်ဒဏ် ဖြစ်ပါတယ်။ အခု၊ ညီအစ်ကိုနဲ့ ညီအစ်မ ရေမန်တို့ ထောင်ထဲ ဝင်စရာမလိုပါဘူး။