မာတိကာဆီ ကျော်သွား

ညီအစ်ကိုနဲ့ ညီအစ်မ အကိုပီယန် (ရှေ့တန်းအလယ်)၊ တရားရုံးမှာ လာရောက်အားပေးထောက်မကြတဲ့ တခြားသူများ။

မတ် ၆၊ ၂၀၁၉
ရုရှား

ရုရှားနိုင်ငံမှာ ညီအစ်ကို အကိုပီယန်နဲ့ပတ်သက်တဲ့ စီရင်ချက်ကို တရားရုံးက ပယ်ချ

ရုရှားနိုင်ငံမှာ ညီအစ်ကို အကိုပီယန်နဲ့ပတ်သက်တဲ့ စီရင်ချက်ကို တရားရုံးက ပယ်ချ

ညီအစ်ကို အာကဒီယာ အကိုပီယန်အပေါ် အောက်တရားရုံးရဲ့ စီရင်ချက်ကို ၂၀၁၉၊ မတ် ၁ ရက်နေ့မှာ ကဘာဒီနို ဘာလ်ကာရီးယားဒေသ တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။ အကိုပီယန်ဟာ “အစွန်းရောက်” စာပေ ဖြန့်ဝေမှု၊ ‘ဘာသာရေး အမုန်းပွားအောင် လှုံ့ဆော်မှု’ တို့နဲ့ မဟုတ်မှန် တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေတာ တစ်နှစ်ကျော်ပါပြီ။

ယခင်က အသက် ၇၀ အရွယ် ညီအစ်ကို အကိုပီယန်ကို အောက်တရားရုံးက ရပ်ရွာအကျိုးပြုလုပ်ငန်း ဆောင်ရွက်ဖို့ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ တရားရုံးချုပ်က မကြာသေးခင်မှာ အောက်တရားရုံးရဲ့ စီရင်ချက်ကို ပယ်ဖျက်လိုက်ပါတယ်။

ညီအစ်ကို အကိုပီယန်အမှုမှာ အနိုင်ရမှုအတွက် ယေဟောဝါဘုရားကို ကျွန်တော်တို့ ကျေးဇူးတင်ကြပါတယ်။ ညီအစ်ကိုတွေ သစ္စာရှိရှိ ခံရပ်သွားကြဖို့ ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြပါတယ်။—၂ သက်သာလောနိတ် ၁:၄