မာတိကာဆီ ကျော်သွား

ဘယ်မှ ညာသို့– အလက်ဆီ ဘူဒန်ချုခ်၊ ကွန်စတန်တင် ဘဇာနို့၊ ဖေလစ် မာခမ်မဒီယေ့ဗ်၊ အလက်ဆီ မီရက်စကီ၊ ရိုမန် ဂရီဒါစို့၊ ဂင်နာဒီ ဂျာမန်ကို အဖမ်းမခံရခင်က တွေ့ရစဉ်

စက်တင်ဘာ ၂၃၊ ၂၀၁၉
ရုရှား

ရုရှားနိုင်ငံမှာ နောက်ထပ် ညီအစ်ကို ခြောက်ယောက်ကို ပြစ်ဒဏ်စီရင်ပြီး ထောင်ချ

ရုရှားနိုင်ငံမှာ နောက်ထပ် ညီအစ်ကို ခြောက်ယောက်ကို ပြစ်ဒဏ်စီရင်ပြီး ထောင်ချ

ရုရှားနိုင်ငံ၊ စရာတော့မြို့က ညီအစ်ကို ခြောက်ယောက်ဟာ ယေဟောဝါသက်သေဖြစ်ရုံနဲ့ ၂၀၁၉၊ စက်တင်ဘာ ၁၉၊ ကြာသပတေးနေ့မှာ ပြစ်ဒဏ်စီရင်ခံရပြီး ထောင်ချခံရပါတယ်။

စရာတော့မြို့၊ လီနင်စကီ ခရိုင်တရားရုံး တရားသူကြီး ဒီမီထရီ လာရင်က ညီအစ်ကို ကွန်စတန်တင် ဘဇာနို့နဲ့ ညီအစ်ကို အလက်ဆီ ဘူဒန်ချုခ်ကို ထောင်ဒဏ် သုံးနှစ်ခွဲ၊ ညီအစ်ကို ဖေလစ် မာခမ်မဒီယေ့ဗ်ကို ထောင်ဒဏ် သုံးနှစ်၊ ညီအစ်ကို ရိုမန် ဂရီဒါစို့၊ ညီအစ်ကို ဂင်နာဒီ ဂျာမန်နဲ့ ညီအစ်ကို အလက်ဆီ မီရက်စကီကို ထောင်ဒဏ် နှစ်နှစ် ချလိုက်တယ်။ ညီအစ်ကိုအားလုံးကို ထောင်ဒဏ်ကျခံပြီးနောက် နောက်ငါးနှစ်အတွင်း လူထုအဖွဲ့အစည်းတွေမှာ ဦးဆောင်သူအဖြစ် တာဝန်မပေးဖို့လည်း ထပ်ဆင့်စီရင်ချက် ချခဲ့တယ်။ ပြစ်ဒဏ်စီရင်ချက်ကို အယူခံဝင်ကြပါမယ်။

၂၀၁၈၊ ဇွန် ၁၂ ရက်နေ့တုန်းက စရာတော့မြို့က ယေဟောဝါသက်သေတွေရဲ့ အိမ်ခုနစ်လုံးကို ရုရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီးနောက် ညီအစ်ကို ခြောက်ယောက်ကို ရာဇဝတ်မှုနဲ့ တရားစွဲခဲ့ကြတယ်။ ညီအစ်ကိုအားလုံးမှာ မိသားစုတွေ ရှိတယ်။ ညီအစ်ကို ဘူဒန်ချုခ်မှာ ကျောင်းတက်နေဆဲ ကလေးနှစ်ယောက်ရှိတယ်။ ညီအစ်ကို ဘူဒန်ချုခ်ဟာ ညီအစ်ကို ဘဇာနို့၊ ညီအစ်ကို မာခမ်မဒီယေ့ဗ်နဲ့အတူ အဖမ်းခံရကတည်းက စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ချုပ်နှောင်ခံထားရတာ တစ်နှစ်နီးပါး ရှိနေပြီ။

တရားရုံးမှာ နောက်ဆုံးအကြိမ် စကားပြောခွင့်ရချိန်မှာ ညီအစ်ကို ခြောက်ယောက်စလုံးက သစ္စာစောင့်သိဖို့ အထောက်အကူပြုတဲ့ ကျမ်းချက်များစွာကို ကိုးကားခဲ့ကြတယ်။ တရားစွဲသူတွေကိုလည်း မလိုမုန်းထားမှုမရှိကြောင်း ပြောခဲ့ကြတယ်။

အခုဆိုရင် ရုရှားမှာ စီရင်ချက်ချပြီး ထောင်ဒဏ်ချမှတ်ခံရသူ ခုနစ်ဦး ရှိသွားပါပြီ။ ရုရှားနိုင်ငံတစ်ဝန်းက ညီအစ်ကို၊ ညီအစ်မ ၂၅၀ ကျော်ဟာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံနေရတယ်။ ၄၁ ယောက်ကို (စုံစမ်းစစ်ဆေးခြင်းမပြုဘဲ) ချုပ်နှောင်ထား (ထောင်ချထား) ပါတယ်။ ၂၃ ယောက်ကို နေအိမ်အကျယ်ချုပ် ချထားတယ်။

ရုရှားနိုင်ငံက ရဲစွမ်းသတ္တိရှိတဲ့ သစ္စာရှိ ညီအစ်ကို၊ ညီအစ်မအားလုံး ယေဟောဝါဘုရားရဲ့ “ဘုန်းတန်ခိုးတော်ကြောင့် ခွန်အားပြည့်ဝလာပြီး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်ကြပါစေ” လို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ကောလောသဲ ၁:၁၁