မာတိကာဆီ ကျော်သွား

အပေါ်၊ ဘယ်မှညာ–ညီအစ်ကို ယေ့ဂျနီ ဂိုဒူနို့ဗ်၊ ညီအစ်ကို ဂူရာမီ လာဘာဒေ့

အောက်၊ ဘယ်မှညာ– ညီအစ်မ ယူလီယာ ပို့ကာဗာ၊ ညီအစ်မ အန်ဇယ်လာ ပူတီစကာယာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်
ရုရှား

ရုရှားနိုင်ငံ၊ တူလာမြို့က ယေဟောဝါသက်သေလေးဦး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ

ရုရှားနိုင်ငံ၊ တူလာမြို့က ယေဟောဝါသက်သေလေးဦး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှာ တူလာမြို့၊ ပရိုလီတာစကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဂျနီ ဂိုဒူနို့ဗ်၊ ညီအစ်ကို ဂူရာမီ လာဘာဒေ့၊ ညီအစ်မ ယူလီယာ ပို့ကာဗာ၊ ညီအစ်မ အန်ဇယ်လာ ပူတီစကာယာတို့ကို အပြစ်ရှိကြောင်း စီရင်ပြီး ညီအစ်ကိုတွေကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ်ခွဲ၊ ညီအစ်မတွေကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခဲ့တယ်။ သူတို့တွေ လောလောဆယ် ထောင်ထဲသွားစရာမလိုပါ။

ကိုယ်ရေးအကျဉ်း

ယေဟောဝါကို မှီခိုအားထားမယ်၊ ကျမ်းစာထဲက သစ္စာရှိပုံနမူနာတွေကို လိုက်လျှောက်မယ်ဆိုရင် နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ရမယ်ဆိုတာ ဒီညီအစ်ကို/မတွေရဲ့ ပုံသက်သေက ယုံကြည်စိတ်ချစေပါတယ်။—ရောမ ၁၅:၄

အချိန်ပြဇယား

  1. မတ် ၂၅၊ ၂၀၂၁

    ပြစ်မှု စတင်စွဲဆို

  2. ဧပြီ ၁၃၊ ၂၀၂၁

    အိမ်တွေကို ဝင်ရောက်ရှာဖွေ။ အန်ဇယ်လာနဲ့ ယူလီယာကို ချုပ်ထား

  3. ဧပြီ ၁၄၊ ၂၀၂၁

    အန်ဇယ်လာနဲ့ ယူလီယာကို အချုပ်ထောင်ပို့။ ယေ့ဂျနီကို ချုပ်ထားပြီး တရားစွဲ။ ဂူရာမီကို နေအိမ်အကျယ်ချုပ်ချ

  4. ဧပြီ ၁၆၊ ၂၀၂၁

    ယေ့ဂျနီကို အချုပ်ထောင်ပို့

  5. မေ ၂၀၊ ၂၀၂၁

    အန်ဇယ်လာ၊ ယေ့ဂျနီနဲ့ ယူလီယာကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  6. ဇူလိုင် ၂၂၊ ၂၀၂၁

    အန်ဇယ်လာ၊ ယေ့ဂျနီနဲ့ ယူလီယာကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်

  7. ဇူလိုင် ၂၃၊ ၂၀၂၁

    ဂူရာမီကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်

  8. မေ ၁၁၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး

  9. နိုဝင်ဘာ ၂၀၊ ၂၀၂၃

    အပြစ်ရှိကြောင်းစီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ်ချမှတ်