မာတိကာဆီ ကျော်သွား

ဝဲမှယာ။ ညီအစ်ကို လူဘင်တို့မောင်နှံနဲ့ အီစာကို့ဗ်တို့မောင်နှံ

စက်တင်ဘာ ၁၊ ၂၀၂၀
ရုရှား

ရုရှားမှာ ကျန်းမာရေး ဆိုးရွားနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံ ညီအစ်ကိုနှစ်ယောက် ECHR တောင်းဆိုမှုကြောင့် ပြန်လွတ်လာ

ရုရှားမှာ ကျန်းမာရေး ဆိုးရွားနေတဲ့ ဖမ်းဆီးထိန်းသိမ်းခံ ညီအစ်ကိုနှစ်ယောက် ECHR တောင်းဆိုမှုကြောင့် ပြန်လွတ်လာ

၂၀၂၁၊ သြဂုတ် ၂၈ မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ညီအစ်ကို အလက်ဆန်ဒါ လူဘင်နဲ့ အနာတိုလီ အီစာကို့ဗ်တို့ကို အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးဖို့ ရုရှား အာဏာပိုင်တွေကို တောင်းဆိုလိုက်တယ်။ မစွမ်းမသန် ဖြစ်နေတဲ့ ဒီညီအစ်ကို နှစ်ယောက်ကို ကူဂမ်ဒေသမှာ တစ်လခွဲကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြတယ်။ အမှု ကြားနာစစ်ဆေးပြီးရင်လည်း ရာဇဝတ်မှုနဲ့ ထောင်ထဲ ဝင်ရနိုင်ဖွယ် ရှိနေတယ်။

၂၀၂၁၊ ဇူလိုင် ၁၃၊ ၁၄ မှာ ရဲတပ်သားတွေက ကူဂမ်ဒေသရှိ ယေဟောဝါသက်သေများရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းကြတယ်။ အသက် ၅၆ နှစ်အရွယ် ညီအစ်ကို အီစာကို့ဗ်၊ အသက် ၆၅ နှစ်အရွယ် ညီအစ်ကို လူဘင်တို့အပါအဝင် သက်သေခံများစွာကို ဖမ်းဆီးလိုက်ကြတယ်။

ညီအစ်ကို လူဘင်က နှလုံးသွေးကြောရောဂါ၊ သွေးတိုး၊ ကိုယ်ခံအား စံလွဲရောဂါ ခံစားနေရတယ်။ တစ်နေ့ကို ၁၆ နာရီ အောက်ဆီဂျင် ပေးဖို့၊ ဆေးကုသဖို့ လိုနေပေမဲ့ မရရှိခဲ့ဘူး။ လမ်းလျှောက်ဖို့ ခက်တယ်။ တုတ်ကောက်မပါရင် မတ်တတ်မရပ်နိုင်ဘူး။ ဇနီး တာတယာနာလည်း လေဖြတ်တာ လေးကြိမ် ရှိပြီ ဖြစ်လို့ မစွမ်းမသန် ဖြစ်နေတယ်။

ညီအစ်ကို အီစာကို့ဗ်မှာ သွေးကင်ဆာ ရှိတယ်။ ကျောရိုးနဲ့ နံရိုးတွေ အရိုးပွပျက်စီးနေလို့ ဘီးတပ်ကုလားထိုင် သုံးနေရတယ်။ ထောင်ကျနေလို့ ကင်ဆာဆေး ဆက်သွင်းဖို့ ခက်နေတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း မရဘူး။ ညီအစ်ကို အီစာကို့ဗ်ခမျာ အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါလည်း ကူးစက်ခံရတယ်။

ဒီညီအစ်ကို နှစ်ယောက်ကို လွှတ်ပေးဖို့ ရှေ့နေတွေက တရားရုံးကို အပတ်နဲ့ချီ အယူခံ ဝင်ပေမဲ့ မအောင်မြင်ပါဘူး။ ညီအစ်ကို နှစ်ယောက် ဖမ်းဆီးထိန်းသိမ်းထားဖို့ မသင့်တော်လောက်အောင် ဆိုးဝါးတဲ့ ရောဂါ မရှိဘူးဆိုတဲ့ ကူဂမ်ဒေသဆေးရုံက ဆရာဝန်တွေရဲ့ မဟုတ်မမှန်အဆိုပေါ် မူတည်ပြီး စီရင်ချက် ချလိုက်တယ်။

ဝဲမှယာ။ ညီအစ်ကို လူဘင်နဲ့ အီစာကို့ဗ်တို့ ထောင်ကနေ လွတ်လာ

၂၀၂၁၊ သြဂုတ် ၈ မှာ ရှေ့နေတွေက ECHR ဆီ တိုင်တန်းစာ ပို့တယ်။ ECHR က ရုရှား ဖယ်ဒရေးရှင်း အထွေထွေ အစိုးရ ရှေ့နေရုံးဆီ အသနားခံစာ တင်တယ်။ ၂၀၂၁ သြဂုတ် ၂၄ မှာ ညီအစ်ကို နှစ်ယောက်ကို ကူဂမ်ဒေသ ဆေးရုံဆီ ခေါ်သွားတယ်။ ဒီတစ်ကြိမ်မှာတော့ ဖမ်းဆီးထိန်းသိမ်းခြင်းကနေ လွတ်ကင်းခွင့် ရနိုင်တဲ့ ရောဂါတွေ ရှိနေကြောင်း ဆရာဝန်တွေ ထောက်ခံကြတယ်။

နှိပ်စက်ညှဉ်းပန်းမှု၊ ရောဂါဝေဒနာတွေ ခံနေရပေမဲ့ သမာဓိ ဆက်ထိန်းကြတဲ့ ညီအစ်ကို နှစ်ယောက်အတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ယေဟောဝါဘုရားက သူတို့ရဲ့ အကျိုးအတွက် “အစွမ်းတန်ခိုး” ဆက်ပြပါလိမ့်မယ်။—၂ ရာဇဝင်ချုပ် ၁၆:၉