မာတိကာဆီ ကျော်သွား

ညီအစ်ကို အီဂေါ် အီဗာရှင်

၂၀၂၀၊ မတ် ၂၇
ရုရှား

ရုရှားမှာ ညီအစ်ကို အီဂေါ် အီဗာရှင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရဖွယ် ရှိ

ရုရှားမှာ ညီအစ်ကို အီဂေါ် အီဗာရှင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရဖွယ် ရှိ

ဆာခါပြည်သူ့သမ္မတနိုင်ငံ၊ လန်စကီ ခရိုင်တရားရုံးက ၂၀၂၀၊ မတ် ၃၁ မှာ ညီအစ်ကို အီဂေါ် အီဗာရှင်ရဲ့ အမှုကို စီရင်ချက် ချပါတော့မယ်။ ထောင်ဒဏ် ခုနစ်နှစ် ချဖို့ အစိုးရရှေ့နေက တောင်းဆိုထားပါတယ်။

၂၀၁၈၊ ဖေဖော်ဝါရီမှာ ယာကတ်စ်မြို့ တရားရုံးက ရဲတွေကို ညီအစ်ကို အီဗာရှင်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ် ခိုးနားထောင်ခွင့် ပေးခဲ့တယ်။ လအနည်းငယ် ကြာပြီးနောက် ညီအစ်ကို အီဗာရှင်ရဲ့အိမ် အပါအဝင် သက်သေခံနေအိမ် ရှစ်လုံးကို ဒေသခံအာဏာပိုင်တွေ ဝင်ရောက်စီးနင်းကြတယ်။ ညီအစ်ကို အီဗာရှင်နဲ့ သက်သေခံ ၂၁ ယောက်ကို ရဲစခန်း ခေါ်သွားပြီး စစ်ကြောမေးမြန်းကြတယ်။ လက်ထောက် ရှေ့နေက ညီအစ်ကို အီဗာရှင်ကို “အစွန်းရောက်” အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေကို စီစဉ်မှုနဲ့ စွဲချက်တင်ထားတယ်။

၂၀၁၉၊ နိုဝင်ဘာ ၂၀ မှာ စွဲချက်အတွက် သက်သေ မခိုင်လုံလို့ဆိုပြီး ရှေ့နေရုံးကို အမှု ပြန်ရောက်လာတယ်။ အစိုးရရှေ့နေက အယူခံဝင်ပြီး အမှုကို ကြားနာစစ်ဆေးဖို့ ခရိုင်တရားရုံးဆီ ပြန်ပို့လိုက်တယ်။ ၂၀၂၀၊ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အမှု စတင်ကြားနာတယ်။

ညီအစ်ကို အီဗာရှင်နဲ့ ဇနီး နာတာလီယာတို့မှာ သမီးနှစ်ယောက် ရှိတယ်။ အမှု ကြားနာစစ်ဆေးခြင်း ပြီးခါနီးပြီမို့ ညီအစ်ကို အီဗာရှင်တို့မိသားစု “ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်ကြပါစေ” လို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။—ကောလောသဲ ၁:၁၁