မာတိကာဆီ ကျော်သွား

၂၀၂၀၊ မတ် ၂၅
ရုရှား

ရုရှားမှာ ပထမဆုံးအကြိမ် စီရင်ချက် ပယ်ဖျက်ပေး၊ ညီအစ်ကို အလူရှကင်နဲ့ နောက်ထပ် ငါးယောက် အယူခံ အနိုင်ရ

ရုရှားမှာ ပထမဆုံးအကြိမ် စီရင်ချက် ပယ်ဖျက်ပေး၊ ညီအစ်ကို အလူရှကင်နဲ့ နောက်ထပ် ငါးယောက် အယူခံ အနိုင်ရ

၂၀၂၀၊ မတ်လ ၂၅ မှာ ပင်ဇာမြို့ ခရိုင်တရားရုံးက ညီအစ်ကို ဗလာဒီမာ အလူရှကင်၊ ဗလာဒီမာ ကူယာစက်ဖ်၊ အန်ဒရေ မာဂလိ၊ ဒန်နစ် တီမိုရှင်တို့အပြင် ညီအစ်မ တာတယာနာ အလူရှကီနာနဲ့ ဂါလီယာ အာလ်ဟားဗာတို့ရဲ့ စီရင်ချက်ကို ပယ်ဖျက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အမှုတွေကို ပြန်လည် စစ်ဆေးကြားနာမှာ ဖြစ်တယ်။

အယူခံ နိုင်သွားတဲ့အတွက် ညီအစ်ကို အလူရှကင်ကို မကြာခင် ထောင်ကနေ လွှတ်ပေးတော့မယ်။ အမှု ပြန်လည် စစ်ဆေးကြားနာချိန်မတိုင်မီ သူနဲ့ တခြားသူတွေ ခရီးသွားလာခွင့် ကန့်သတ်ခံရပြီး တခြားကန့်သတ်ချက်တွေအောက် ဆက်ရှိနေပါမယ်။