မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၃၊ ၂၀၁၈
ရုရှား

ရုရှားမှာ ပထမဆုံးအကြိမ် ထောင်ချခံရတဲ့ သက်သေခံမောင်နှံစုံ

ရုရှားမှာ ပထမဆုံးအကြိမ် ထောင်ချခံရတဲ့ သက်သေခံမောင်နှံစုံ

၂၀၁၈၊ ဇူလိုင် ၆ ရက်နေ့မှာ ရုရှားနိုင်ငံ၊ အွမ်းစ်မြို့ အာဏာပိုင်တွေက ဆာဂေနဲ့ အနာစတာစီယာ ပိုလီယာခေါ့ဆိုတဲ့ သက်သေခံမောင်နှံစုံကို စုံစမ်းစစ်ဆေးခြင်း မရှိဘဲ ထောင်ချလိုက်ပါတယ်။ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ကြောင်း ရုရှားတရားရုံးချုပ် ကြေညာပြီးနောက် ညီအစ်မတစ်ဦး ပထမဆုံးအကြိမ် ထောင်ချခံရတာ ဖြစ်တယ်။

အဲဒီလို ထောင်ချလိုက်တာကို မော်စကိုအခြေစိုက် သတင်းအချက်အလက်နဲ့ စိစစ်လေ့လာရေး SOVA စင်တာက ဒီလိုပြောတယ်- “ဒီဆုံးဖြတ်ချက်ဟာ ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းတာနဲ့ တူတယ်။ ဥပဒေအကြောင်းပြချက် မခိုင်လုံဘူး။ ဘာသာရေး ခွဲခြားဆက်ဆံမှုကြောင့် ဒီလိုလုပ်တာလို့ မြင်ပါတယ်။”

အခုဆိုရင် ရုရှားမှာ ညီအစ်ကို ၂၁ ဦးနဲ့ ညီအစ်မ ၁ ဦး ယုံကြည်ချက်ကြောင့် ထောင်ကျနေပါတယ်။ သူတို့ရဲ့ ကူညီမစရှင်ဟာ ယေဟောဝါ ဖြစ်ကြောင်း သိထားကြတဲ့အတွက် သူတို့တစ်တွေ ရဲစွမ်းသတ္တိရှိနေစေဖို့ ဆုတောင်းပေးကြပါတယ်။—ဟီဘရူး ၁၃:၆