မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး ရေမန်နဲ့ ဇနီး ဗလာရီယာ

စက်တင်ဘာ ၇၊ ၂၀၂၀
ရုရှား

ရုရှားမှာ လူငယ်မောင်နှံတစ်စုံ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

ရုရှားမှာ လူငယ်မောင်နှံတစ်စုံ ပြစ်ဒဏ်စီရင်ခံရဖွယ်ရှိ

စီရင်ချက်ချမယ့်အချိန်

၂၀၂၀၊ စက်တင်ဘာ ၁၆ မှာ a ကော့ထရိုမာမြို့၊ ဆဗတ်လို့စကီ ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ရေမန်၊ ဇနီး ဗလာရီယာတို့နဲ့ပတ်သက်တဲ့ စီရင်ချက်ကို ကြေညာပါမယ်။ သူတို့ ဆိုင်းငံ့ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရဖွယ် ရှိတယ်။

ကိုယ်ရေးအကျဉ်း

ဆာဂေး ရေမန်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၆ (ကန်နက်ရှ်မာ၊ အီဗန်နိုပြည်နယ်)

  • ဘဝအတ္ထုပ္ပတ္တိ။ နည်းပညာကျောင်းမှာ ဆောက်လုပ်ရေးအတတ် သင်ယူတယ်။ အိမ်အတွင်းပိုင်းအလှဆင် ဒီဇိုင်းပညာရှင် ဖြစ်လာတယ်။ အဖွားကြောင့် ကျမ်းစာကို မြတ်နိုးလေးစားတတ်လာတယ်။ ၂၀၁၅ မှာ ဗလာရီယာနဲ့ လက်ထပ်တယ်။ အချက်အပြုတ်၊ စကိတ်စီး ဝါသနာပါတယ်

ဗလာရီယာ ရေမန်

  • မွေးဖွားတဲ့နှစ်။ ၁၉၉၃ (ဆားရာ၊ ကော့စထရိုမာပြည်နယ်)

  • ဘဝအတ္ထုပ္ပတ္တိ။ အသက် ဆယ်နှစ်မှာ ဖခင် ကွယ်လွန်တယ်။ မိခင်ဆီကနေ ယေဟောဝါအကြောင်း သိလာတယ်။ လိုင်စင်ရ ဆံပင်အလှပြုပြင်သူပါ

အမှုနောက်ကြောင်း

၂၀၁၈၊ ဇူလိုင် ၂၅ ရက် မနက်စောစောမှာ ညီအစ်ကိုနဲ့ ညီအစ်မ ရေမန်တို့အိမ်ကို လက်နက်ကိုင်တပ်ဖွဲ့တွေ သံတူရွင်းတွေနဲ့ ဖျက်ပြီး ဝင်လာတယ်။ သူတို့ကို ဖမ်းဆီးလိုက်ကြတယ်။ ညီအစ်မ ရေမန်က အချုပ်ထဲမှာ နှစ်ရက် နေရတယ်။ ညီအစ်ကို ရေမန်က ၅၉ ရက်ကြာ တိုက်ပိတ်ခံရတယ်။ တခြားသက်သေခံတွေနဲ့ ဆယ်သွယ်ခွင့် မပေးဘူး။ ညနေပိုင်းမှာ အိမ်ပြင်ထွက်ခွင့် မရှိဘူး။ ဒီခက်ခဲတဲ့အခြေအနေက ကျန်းမာရေး ထိခိုက်စေပြီး စိတ်ဖိစီးမှု များစေတယ်။

စီရင်ချက်ကို စောင့်နေချိန်မှာ ဒီလူငယ်မောင်နှံ ရဲစွမ်းသတ္တိ ဆက်ရှိနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ သူတို့ကို ယေဟောဝါ ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချနေပါတယ်။—ယောရှု ၁:၉

a အပြောင်းအလဲ ရှိနိုင်