မာတိကာဆီ ကျော်သွား

ရုရှားတရားရုံးချုပ်

နိုဝင်ဘာ ၂၅၊ ၂၀၂၁
ရုရှား

ရုရှားလွှတ်တော် ဥပဒေပြု တရားရုံးရဲ့ ဆုံးဖြတ်ချက်—ယေဟောဝါသက်သေတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ

ရုရှားလွှတ်တော် ဥပဒေပြု တရားရုံးရဲ့ ဆုံးဖြတ်ချက်—ယေဟောဝါသက်သေတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ

၂၀၂၁၊ အောက်တိုဘာ ၂၈ မှာ ရုရှားလွှတ်တော် ဥပဒေပြု တရားရုံးက အစွန်းရောက် လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ပြင်ဆင်ချက် ထုတ်ပြန်ခဲ့တယ်။ ဒီပြင်ဆင်ချက်အရ တစ်ဦးတည်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ဝတ်ပြုခြင်းကို ပိတ်ပင်ထားတဲ့ ဘာသာရေး အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းအဖြစ် မယူမှတ်တော့ပါဘူး။ ဒါပေမဲ့ ဥပဒေပြု တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရုရှားအာဏာပိုင်တွေက သဘောပေါက်မှု လွဲကြလို့ ယေဟောဝါသက်သေတွေကို ဆက်နှိပ်စက်ညှဉ်းနေဆဲပဲ။

ဥပမာ၊ အောက်တိုဘာ ၂၈ မှာ ပြင်ဆင်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း အာဏာပိုင်တွေက သက်သေခံအိမ်ပေါင်း အနည်းဆုံး ၁၃ လုံးကို ဝင်ရောက်စီးနင်းတာ၊ ညီအစ်မ အီရီနာ လော့ဗစ်ချ်ကီရဲ့ အယူခံကို ပယ်ချတာ၊ အသက် ၈၀ အရွယ် ညီအစ်မ ယယ်လီနာ ဆာဗယ်ယေဗာကို ပြစ်ဒဏ်စီရင်တာတွေ တွေ့ရတယ်။ ဒါပေမဲ့ ၂၀၂၁၊ နိုဝင်ဘာ ၂၂ မှာ ဗလာဒီဗော့စ်တော့မြို့ တရားရုံးက ညီအစ်ကို ဒီမီထရီ ဘာမကင်ကို အပြစ်မရှိဆိုပြီး စွဲချက်အားလုံးကို တရားသေ လွှတ်ပေးလိုက်တယ်။

ပြင်ဆင်လိုက်တဲ့ ဆုံးဖြတ်ချက်က နှိပ်စက်မှုကို သက်သာစေမလား၊ ပိုဆိုးစေမလား မသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ယေဟောဝါဘုရား ကယ်တင်မယ့်အချိန်အထိ ညီအစ်ကို/မတွေ ဝမ်းမြောက်စွာ ခံရပ်နိုင်စေဖို့ ဘုရားကို အပြည့်အဝ ဆက်အားထားနေကြပါမယ်။—ဆာလံ ၁၄၆:၃-၅