၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်
ရုရှား
ရုရှား၊ ခိုမစ်ခီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာ ညီအစ်မသုံးယောက် အပြစ်ရှိကြောင်း စီရင်ချက်ချခံရ
၂၀၂၄ ခုနှစ်၊ ဇွန် ၂၄ ရက်မှာ ခိုမစ်ခီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ၊ အီလစ်တာမြို့တရားရုံးက ညီအစ်မ တန်ဂန် ခါးလ်ဂျီဗာ၊ ရီခါးတရီနာ မန်ကိုဗာနဲ့ ကစ်ရှ်တာ တူတီးနိုဗာတို့ကို အပြစ်ရှိကြောင်း စီရင်ချက်ချလိုက်တယ်။ တန်ဂန်နဲ့ ရီခါးတရီနာတို့ကို ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ပြီး ကစ်ရှ်တာကို ဆိုင်းငံ့ထောင်ဒဏ် သုံးနှစ်ချမှတ်တယ်။ လောလောဆယ် သူတို့ ထောင်ထဲ သွားစရာမလိုပါ။
ကိုယ်ရေးအကျဉ်း
ဒီညီအစ်မတွေရဲ့ ယုံကြည်ခြင်းကို ကျွန်တော်တို့ လေးမြတ်တန်ဖိုးထားကြတယ်။ ကျွန်တော်တို့ကြုံနေရတဲ့ စမ်းသပ်မှုအားလုံးကို ယေဟောဝါ မြင်တယ်၊ သစ္စာရှိသူတွေကို ကိုယ်တော် ဆုချမယ်ဆိုတာ သိရလို့ ပီတိဖြစ်ရပါတယ်။
အချိန်ပြဇယား
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃
ကစ်ရှ်တာကို ပြစ်မှုကျူးလွန်တယ်လို့ စွဲချက်တင်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃
အိမ်တွေကို ရှာဖွေ။ ကစ်ရှ်တာကို ချုပ်ထား
မတ် ၁၊ ၂၀၂၃
ပြစ်မှုနဲ့ စွဲချက်တင်ခံထားရမှန်း လူသိများလာလို့ တန်ဂန် အလုပ်ထုတ်ခံရ။ ကစ်ရှ်တာကို အချုပ်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ
ဇူလိုင် ၂၁၊ ၂၀၂၃
ကစ်ရှ်တာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာ
ဒီဇင်ဘာ ၁၉၊ ၂၀၂၃
ရီခါးတရီနာနဲ့ တန်ဂန်ကို ပြစ်မှုနဲ့ တရားစွဲ။ နှစ်ယောက်စလုံးကို ခရီးသွားခွင့် ကန့်သတ်
ဖေဖော်ဝါရီ ၉၊ ၂၀၂၄
ကစ်ရှ်တာကို ခရီးသွားခွင့် ကန့်သတ်
ဧပြီ ၁၊ ၂၀၂၄
တရားရုံးမှာ ပြစ်မှု စတင်စစ်ဆေး
ဇွန် ၂၄၊ ၂၀၂၄
ညီအစ်မတွေကို အပြစ်ရှိကြောင်း စီရင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်