မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၂၅
ရုရှား

ရုရှား တရားရုံးက ညီအစ်ကို ရိုမန် ဂရီဒါစို့ရဲ့ အသနားခံချက်ကို ပယ်ချ

ရုရှား တရားရုံးက ညီအစ်ကို ရိုမန် ဂရီဒါစို့ရဲ့ အသနားခံချက်ကို ပယ်ချ

၂၀၂၁၊ ဖေဖော်ဝါရီ ၂၅ ရက်မှာ အိုရင်ဘာ့ဂ် တရားရုံးက အာမခံနဲ့ လွှတ်ပေးဖို့ ညီအစ်ကို ရိုမန် ဂရီဒါစို့ အသနားခံတာကို ပယ်ချလိုက်တယ်။ ထောင်လွတ်ရက်စေ့တဲ့ ၂၀၂၁၊ ဩဂုတ်လ အထိ ဆက်နေရမှာ ဖြစ်တယ်။ ၂၀၁၉၊ စက်တင်ဘာကတည်းက ထောင်ကျနေတာ။ ရိုမန်ဟာ ၂၀၂၀၊ ဖေဖော်ဝါရီလမှာ ထောင်စောင့်တွေရဲ့ ရိုက်နှက်ခြင်း ခံရတဲ့ ညီအစ်ကို ငါးယောက်ထဲက တစ်ယောက် ဖြစ်တယ်။