မာတိကာဆီ ကျော်သွား

၂၀၂၁၊ မတ် ၂
ရုရှား

ရုရှား တရားရုံးက ညီအစ်ကို ရုစလန် အော်လီယေ့ဖ်ရဲ့ အယူခံကို ပယ်ချ

ရုရှား တရားရုံးက ညီအစ်ကို ရုစလန် အော်လီယေ့ဖ်ရဲ့ အယူခံကို ပယ်ချ

နောက်ဆုံးအချက်အလက် | ညီအစ်ကို ရုစလန် အော်လီယေ့ဖ်ရဲ့ ဒုတိယအကြိမ် အယူခံကို ရုရှား အထက်တရားရုံးချုပ်က ပယ်ချ

၂၀၂၁၊ နိုဝင်ဘာ ၂၄ မှာ စတုတ္ထမြောက် ပြည်သူ့ အထက်တရားရုံးချုပ်က ရုစလန် အော်လီယေ့ဖ်ရဲ့ ဒုတိယအကြိမ် အယူခံကို ပယ်ချပြီး ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲကို အတည်ပြုလိုက်ပါတယ်။ သူ ထောင်ထဲ ဝင်စရာ မလိုသေးဘူး။

၂၀၂၁၊ မတ် ၁ မှာ ရော့စတို့ဗ် ဒေသ တရားရုံးက ညီအစ်ကို ရုစလန် အော်လီယေ့ဖ်ရဲ့ အယူခံကို ပယ်ချပြီး မူလ ပြစ်ဒဏ်အတိုင်း ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲကို အတည်ပြုလိုက်တယ်။ လောလောဆယ်တော့ ထောင်ထဲ သွားစရာ မလိုသေးဘူး။