မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၃
ရုရှား

ရုရှား တရားရုံးက ညီအစ်ကို အာတာ လော့ဗစ်ချ်ကီကို ဆိုင်းငံ့ထောင်ဒဏ် ချမှတ်

ရုရှား တရားရုံးက ညီအစ်ကို အာတာ လော့ဗစ်ချ်ကီကို ဆိုင်းငံ့ထောင်ဒဏ် ချမှတ်

၂၀၂၁၊ ဖေဖော်ဝါရီ ၂ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက အသက် ၃၅ နှစ်အရွယ် ညီအစ်ကို အာတာ လော့ဗစ်ချ်ကီ ပြစ်မှုထင်ရှားကြောင်း စီရင်ခဲ့တယ်။ တရားရုံးက သုံးနှစ် ခံဝန်ချုပ်နဲ့အတူ ဆိုင်းငံ့ထောင်ဒဏ် နှစ်နှစ်နဲ့ ခြောက်လ ချမှတ်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ အာတာဟာ ထောင်ထဲ သွားစရာ မလိုပါဘူး။

တရားရုံးမှာ နောက်ဆုံးအကြိမ် လျှောက်လဲတုန်းက ညီအစ်ကို အာတာ ဒီလို ပြောတယ်– “ဘယ်လို စီရင်ချက်မျိုးပဲ ဖြစ်လာပါစေ တရားရုံးမှာ စကားပြောဆိုခွင့် ရလို့ တကယ် ဂုဏ်ယူတယ်။ ယေရှုခရစ်ရဲ့ စကားတွေ ပြည့်စုံလာတာကို နောက်တစ်ကြိမ် မြင်ရတယ်။ မာကုကျမ်း အခန်းကြီး ၁၃၊ အခန်းငယ် ၉ နဲ့ ၁၀ မှာ ‘ခင်ဗျားတို့ သတိရှိကြပါ။ လူတွေက ခင်ဗျားတို့ကို တရားရုံး ပို့လိမ့်မယ်။ . . . ဒီနည်းနဲ့ သူတို့ကို သက်သေခံခွင့် ရလိမ့်မယ်။ အရင်ဆုံး၊ လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်’ လို့ ပြောထားတယ်။ ဒီကျမ်းချက်က တခြားသူတွေကို ဘုရားရည်ရွယ်ချက်အကြောင်း ပြောပြဖို့ တွန်းအား ဖြစ်စေတယ်။ ဒီအကြောင်း တရားသူကြီးမင်းကို ပြောပြခွင့်ရတာ တကယ့် အခွင့်ထူးပါပဲ။