မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၁၂
ရုရှား

ရုရှား တရားရုံးက ညီအစ်ကို အီဂေါ် ချီယက်ဖ်ကို အပြစ်ရှိတယ်လို့ စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်

ရုရှား တရားရုံးက ညီအစ်ကို အီဂေါ် ချီယက်ဖ်ကို အပြစ်ရှိတယ်လို့ စီရင်ပြီး ဆိုင်းငံ့ ထောင်ဒဏ် ချမှတ်

၂၀၂၁၊ ဧပြီ ၂၉ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက အီဂေါ်ကို အပြစ်ရှိတယ်လို့ စီရင်ပြီး မူလ ချမှတ်ထားတဲ့ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲကို အတည်ပြုလိုက်ပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁၂ မှာ ဂျူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘိုင်ရိုဘစ်ဇန် ခရိုင်တရားရုံးက အီဂေါ်ရဲ့ အမှုကို စီရင်ချက် ချလိုက်ပါတယ်။ ဆိုင်းငံ့ ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်တယ်။

အမှုစစ်ဆေးချိန်တစ်လျှောက် အီဂေါ် ယုံကြည်စိတ်ချမှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် ရှိနေတယ်။ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၁၊ တရားရုံးမှာ နောက်ဆုံးအကြိမ် အမှုကြားနာချိန်မှာ ဒီလိုပြောတယ်– “ဘယ်ကနေ စပြောရင် ကောင်းမလဲလို့ ကျွန်တော် သေသေချာချာ စဉ်းစားတယ်။ ခရစ်ယာန်အားလုံးကို တမန်တော် ပေါလု ပေးတဲ့ အကြံဉာဏ်ကို လိုက်နာဖို့ ဆုံးဖြတ်ထားတယ်။ ‘ကျေးဇူးသိတတ်ကြပါ’ လို့ ကောလောသဲ အသင်းတော်ဆီ ရေးတဲ့ စာမှာ ပေါလု တိုက်တွန်းတယ်။

“လေးစားရပါသော တရားသူကြီးခင်များ၊ အမှုကြားနာချိန်တစ်လျှောက် အေးဆေးတဲ့ဝန်းကျင် ဖြစ်အောင် ကူညီပေးလို့၊ ကျွန်တော်တို့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ . . . အထူးသဖြင့် ဒီအမှု စစ်ဆေးချိန်တစ်လျှောက်လုံး ကျွန်တော့်ကို ထောက်မပေးတဲ့ ဖန်ဆင်းရှင်ဘုရား ယေဟောဝါကို ကျေးဇူးတင်တယ်။ တည်တည်ငြိမ်ငြိမ် ရှိနေဖို့၊ စိတ်ငြိမ်သက်နေဖို့ ဘုရား ကူညီပေးတယ်။”—ကောလောသဲ ၃:၁၅