မာတိကာဆီ ကျော်သွား

၂၀၂၀၊ ဧပြီ ၁
ရုရှား

ရုရှား တရားရုံးက ညီအစ်ကို အီဂေါ် အီဗာရှင်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်

ရုရှား တရားရုံးက ညီအစ်ကို အီဂေါ် အီဗာရှင်ကို ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်

ဆာခါပြည်သူ့သမ္မတနိုင်ငံ၊ လန်စကီ ခရိုင်တရားရုံးက ၂၀၂၀၊ ဧပြီ ၁ ရက်နေ့မှာ ညီအစ်ကို အီဂေါ် အီဗာရှင်ကို ယုံကြည်ချက်ကြောင့် ဆိုင်းငံ့ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်တယ်။ စီရင်ချက် ကြားနာပြီးနောက် ညီအစ်ကို အီဗာရှင် အိမ်ပြန်ခွင့် ရပေမဲ့ စည်းကမ်းချက်နဲ့ ပြစ်ဒဏ်ကာလအတွင်း ယုံကြည်ကိုးကွယ်မှုကြောင့် ရာဇဝတ်မှုဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲခံရပါက ချက်ချင်း ထောင်ထဲဝင်ရမှာ ဖြစ်တယ်။ ဒီစီရင်ချက်အတွက် ညီအစ်ကို အီဗာရှင် အယူခံဝင်ပါမယ်။