၂၀၁၇ ဧပြီ ၁၂
ရုရှား
ရုရှားတရားရုံးချုပ်က စတုတ္ထနေ့မှာ ကြားနာစစ်ဆေးမှုကို ဆက်လက် ပြုလုပ်ခဲ့
နယူးယောက်- ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်ဖို့ တရားရေးဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ကို ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်က ကြားနာမှုကို လေးရက်မြောက်နေ့ ဆက်လက်ပြုလုပ်တာကို လာပြီးကြည့်ရှုလေ့လာသူ အများကြီးရှိခဲ့တယ်။ ညနေပိုင်းမှာ တရားရုံးချုပ်က ကြားနာမှုကို ရပ်နားပြီး ဧပြီလ ၁၉ ရက် ၂၀၁၇ နံနက် ၁၀:၀၀ နာရီမှာ ပြန်လည် ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။
သူတို့ရဲ့ ရှေ့နေတွေက တန်ပြန်မေးခွန်းတွေ မမေးခင် ယေဟောဝါသက်သေတွေရဲ့ ရှေ့နေတွေက ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနအတွက် ခုခံပြောဆိုခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ရှေ့နေတွေ တင်ပြတဲ့ သက်သေသာဓကကို ကြားနာပြီးနောက် တရားသူကြီးက ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနကို ပိတ်ပင်သင့်တဲ့ ဥပဒေအကြောင်းပြချက် အတိအကျတွေကို ဖော်ပြဖို့ တောင်းဆိုခဲ့တယ်။ တရားရေးဝန်ကြီးဌာနရဲ့ ရှေ့နေတွေဟာ တရားသူကြီးရဲ့တောင်းဆိုချက်နဲ့ ပတ်သက်တဲ့မေးခွန်းတွေကို မဖြေဆိုနိုင်ခဲ့ပါ။ နှစ်ဖက်စလုံးရဲ့ သက်သေထွတ်ဆိုချက်တွေကို ကြားနာပြီးနောက် ကြားနာစစ်ဆေးမှုကို ရပ်နားခဲ့တယ်။
နောက်အပတ်မှာ တရားရုံးက ဒီကိစ္စနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်ပါလိမ့်မယ်။
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
ရုရှား-Yaroslav Sivulskiy, +7-911-087-8009