မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဇန်နဝါရီ ၂၅
ရုရှား

ရုရှား အယူခံရုံးက ညီအစ်ကို ဇာလစ်ပေရေ့ဗ်မှာ အပြစ် မရှိကြောင်း ကြေညာ

ရုရှား အယူခံရုံးက ညီအစ်ကို ဇာလစ်ပေရေ့ဗ်မှာ အပြစ် မရှိကြောင်း ကြေညာ

ညီအစ်ကို ယူရီ ဇာလစ်ပေရေ့ဗ်မှာ အပြစ် မရှိဘူးဆိုတဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး ၂၀၂၀၊ အောက်တိုဘာ ၇ တုန်းက အစိုးရ ရှေ့နေတွေရဲ့ အယူခံကို ကာဘာဒီနို ဘာလ်ကာရီးယား တရားရုံးချုပ်က ၂၀၂၁၊ ဇန်နဝါရီ ၂၅ မှာ ပယ်ချလိုက်တယ်။ တရားရုံးချုပ်ရဲ့ ဒီဆုံးဖြတ်ချက်ကို အစိုးရ ရှေ့နေတွေ အယူခံ ဝင်ကောင်း ဝင်လိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အပြစ် မရှိကြောင်း စီရင်ထားတဲ့အတွက် ညီအစ်ကို ယူရီ စွဲချက်အားလုံးကနေ လွတ်မြောက်သွားပြီ။ မှားယွင်းစွာ စွပ်စွဲခံရတဲ့အတွက် လျော်ကြေး တောင်းခံခွင့်တောင် ရှိတယ်။

အပြစ် မရှိဘူးဆိုတဲ့ စီရင်ချက် အချိန်မရွေး ပြောင်းလဲနိုင်ကြောင်း သိပေမဲ့ ယေဟောဝါကို ယူရီ ယုံကြည်ကိုးစားပြီး သတ္တိမွေးခဲ့တယ်။ ရုရှားမှာ ယေဟောဝါသက်သေတွေ နှိပ်စက်ညှဉ်းပန်းခံရတာ အပါအဝင် ဆိုးသွမ်းမှုအားလုံးကို မကြာခင် ဘုရား အဆုံးတိုင်စေမှာ ဖြစ်ကြောင်း တရားရုံးမှာ စီရင်ချက် မချခင်လေး ယူရီ သတ္တိရှိရှိ ပြောသွားတယ်။ သူဒီလို ဆက်ပြောတယ်- “ဘယ်လောက် သေသေချာချာ အကွက်ချပြီး တိုက်ခိုက်ပါစေ အစိုးရ ရှေ့နေတွေ နားလည်ထားရမှာ တစ်ခု ရှိတယ်။ ကမ္ဘာပေါ်က ဆိုးသွမ်းမှုတွေ မကြာခင် အဆုံးတိုင်မယ်ဆိုတဲ့ ဘုရားကတိအပေါ် ကျွန်တော့် ယုံကြည်ခြင်း အားနည်းသွားအောင် ဘယ်တော့မှ လုပ်လို့ မရဘူး။ လူမျိုးတွေ ကွဲပြားနေပေမဲ့ ညီအစ်ကို ညီအစ်မတွေပဲဆိုတာ လူအားလုံး မကြာခင် သိလာမယ်ဆိုတဲ့ ကတိကိုလည်း ကျွန်တော် ယုံတယ်။ ဘာကမှ သူတို့ကို ကွဲပြားစေတော့မှာ မဟုတ်ဘူး။ ‘ဘုရားက လူမျိုးတွေကို တရားစီရင်မယ်။ လူများစွာရဲ့ အကျိုးအတွက် အရာရာကို ဖြေရှင်းပေးမယ်။ အဲဒီအခါ ဓားကို ထယ်သွား ဖြစ်အောင်၊ လှံကို တံစဉ် ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး’ လို့ ကျမ်းစာမှာ ပြောတယ်။—ဟေရှာယ ၂:၄

“အဲဒီကတိ ပြည့်စုံဖို့ သိပ်နီးနေပြီဆိုတာ ကျွန်တော် ယုံကြည်စိတ်ချတယ်။”