မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဇန်နဝါရီ ၂၉
ရုရှား

ရုရှား အယူခံ တရားရုံးက သက်သေခံ ခြောက်ဦးရဲ့ အယူခံကို ပယ်ချ

ရုရှား အယူခံ တရားရုံးက သက်သေခံ ခြောက်ဦးရဲ့ အယူခံကို ပယ်ချ

၂၀၂၁၊ ဇန်နဝါရီ ၂၉ မှာ အူလီယနာ့ဒေသ တရားရုံးက ညီအစ်ကို အလက်ဆန်ဒါ ဂါနင်၊ ခိုရန် ခါချိရန်၊ အန်ဒရီ တဘကို့ဗ်၊ မီခေးလ် ဇီလန်စကီ၊ ညီအစ်ကို ဆာဂေး မိုင်စင်နဲ့ ဇနီး နာတာလီယာတို့ရဲ့ အမှုကို ၂၀၂၀၊ အောက်တိုဘာမှာ ချထားတဲ့ စီရင်ချက်အတိုင်း အတည်ပြုလိုက်ပါတယ်။ ညီအစ်ကို ဆာဂေးက လွဲပြီး ကျန်တဲ့သူအားလုံး မူလ ဆုံးဖြတ်ထားတဲ့ ဆိုင်းငံ့ထောင်ဒဏ် ကျခံရမှာ ဖြစ်တယ်။ ဆာဂေးကိုတော့ လေးနှစ်ကနေ လေးနှစ်ခွဲအထိ တိုးမြှင့်လိုက်တယ်။ လောလောဆယ်တော့ ထောင်ထဲ ဝင်စရာ မလိုပါဘူး။